Covid-19 ကာကွယ်ဆေးကြောင့် HIV ဖြစ်နိုင်မှု တိုးမြင့်သွားနိုင်မလား?

Written by:

Dr Deyn

Dr Deyn

Dr Natthakhet (Deyn) Yaemim, M.D., is the director and co-founder PULSE, a pan-Asian sexual health network of medical clinics and services. He earned his medical degree in Thailand and did advanced studies in Japan and Thailand. He is also affiliated as a researcher with Maastricht University, Netherlands.

Share:

Share on facebook
Share on twitter
Share on whatsapp
Share on linkedin
Share on telegram

ADVERTISMENT

ယခုကမ္ဘာတစ်ဝှမ်းတွင်ဖြစ်ပျက်နေသော Covid-19 ကပ်ရောဂါကြီးကိုတိုက်ဖျက်ရန် ကာကွယ်ဆေးများထွက်ပေါ်လာသည့်အလျောက် အချို့သောအဆိုပြုထားသည့် ကာကွယ်ဆေးများ၏ ပါဝင်သည့်ဆေးနည်းပညာကြောင့် HIV ဖြစ်နိုင်မှုမြင့်မားမှုများရှိလာမည်ကို စိုးရိမ်ပူပန်မှုများလည်း ရှိလာပါသည်။

ဆေးဘက်ဆိုင်ရာဂျာနယ် The Lancetရဲ့ အောက်တိုဘာလစာစောင်မှာ သုတေသီ ၄ဦး ကအချို့သောကိုးဗဒ်ကာကွယ်ဆေးများကို ယခင်HIVကာကွယ်ဆေးစမ်းသပ်တုန်းက HIV ပိုးကိုပိုမိုကူးစပ်စေခဲ့တဲ့ ဆေးအစိတ်အပိုင်းနဲ့ ပြုလုပ်ထုတ်ဖော်နေတယ်လို့ ပြောကြားသွားပါတယ်။ နောက်တစ်ခုစိတ်ဝင်စားစရာကောင်းတာက ဒီHIV ကာကွယ်ဆေးပြဿနာကို ၂၀၁၄ မှာပူးတွဲလေ့လာထုတ်ဖော်ခဲ့တဲ့ သူက အမေရိကားမှာ Covidတိုက်ဖျက်ရေးလုပ်တုန်းက နာမည်ကြီးခဲ့တဲ့ အရမ်းတော်တဲ့ Dr. Anthony Fauci ဖြစ်နေတာပါဘဲ။

ဒါဆို ပြဿနာကဘာဖြစ်နိုင်မလဲ?

ကာကွယ်ဆေးများထုတ်လုပ်ရာမှာ များသောအားဖြင့် ဘေးထွက်ဒုက္ခ မပေးနိုင်သော ပြုပြင်ထားသည့် adenovirus များကို ခန္ဓာကိုယ် အတွင်းသို့သယ်ယူပို့ဆောင်သော ယာဉ် အဖြစ် အသုံးပြုလေ့ရှိတယ်။

ဒါပေမဲ့ အခုစမ်းသပ်နေတဲ့Covid-19ကာကွယ်ဆေးအချို့မှာ HIVကာကွယ်ဆေးစမ်းသပ်တုန်းက ဘေးဒုက္ခပေးခဲ့တဲ့ Ad5 adenovirusကို အသုံးပြုခြင်းများရှိနေပါတယ်။ တရုတ်နိင်ငံအခြေပြုကုမ္ပဏီဖြစ်တဲ့ CanSino Biologics ကတော့ ၄င်း Ad5 adenovirus နဲ့ပြုလုပ်ထားတဲ့ကာကွယ်ဆေးကို ရုရှားနဲ့ပါကစ္စတန်နိင်ငံတို့မှာ တတိယအဆင့်စမ်းသပ်မှု(Phase III clinical testing)အထိရောက်ရှိနေပြီး ဆော်ဒီအာရေးဗီးယား၊ ဘရာဇီး၊ ချီလီ နှင့် မက်ဆီကို နိုင်ငံတို့တွင်လည်း တိုးချဲ့ဖို့မျှော်မှန်းထားပါသည်။

COVID-19 ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး အာရှရဲ့ ကျန်းမာရေးဝန်ထမ်းတွေ သတိထားဖို့အလိုဆုံးကတော့ ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေ နည်းနိုင်သမျှ နည်းဖို့ပဲဖြစ်ပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂအရ အာရှတိုက်တွင် ယခုလက်ရှိ HIVပိုးရှိသူ ၅.၈ သန်းရှိပြီး အာရှပစိဖိတ် ဒေသမှာ၂၀၁၉ ခုနှစ်အတွင်းတွင် အသစ်ကူးစပ်ခံရသူ ၃၀၀၀၀၀ နှင့် AIDSနှင့်စပ်လျင်း၍သေဆုံးသူ ၁၆၀၀၀၀ ရှိခဲ့ပါတယ်။

HIV ပိုးပြန့်ပွါးမှုကို နိုင်ငံအများအပြားက အောင်မြင်စွာထိန်းချုပ်နိုင်ခဲ့သော်လည်း ဘင်္ဂလားနိုင်ငံ, ပါကစ္စတန်, ဖိလစ်ပိုင်, ပါပါနယူးဂီနီ နှင့် အင်ဒိုနီးရှား နိုင်ငံတွေမှာ တော့ ရောဂါကူးစပ်မှုနှုန်းများ ဆက်လက်မြင့်မားနေဆဲဖြစ်ပြီး AIDSနှင့်စပ်လျင်း၍သေဆုံးမှုများလည်းများပြားနေဆဲဖြစ်ပါတယ်။

ဒါပေမဲ့ ဒီပြသာနာကိုကျော်လွှားနိုင်သည့် သတင်းကောင်းများလည်းရှိပါတယ်။

နိုင်ငံကျော်ဆေးကုမ္ပဏီကြီးများဖြစ်သော Johnson & Johnson နှင့် Oxford တက္ကသိုလ်နှင့်ပူးတွဲထုတ်လုပ်တဲ့ AstraZeneca က အဆိုပါဆိုးကျိုးပေးနိုင်သော Ad5 adenovirus ကိုအသုံးမပြုတဲ့ Covid-19 ကာကွယ်ဆေးများကို ထုတ်ဖော်လျှက်ရှိပါသည်။

ထို့အပြင် နိုင်ငံ အသီးသီးက ကျန်းမာရေးကျွမ်းကျင်သူများကလည်း ၄င်းဘေးထွက်ဆိုးကျိုးရှိနိုင်သော Ad5 ပါဝင်သည့်ကာကွယ်ဆေးများကို HIVပိုးကူးစပ်မှုနှုန်းများနေသ ည့် နိုင်ငံများတွင် အသုံးမပြုရန်တိုက်တွန်းလျှက်ရှိပါသည်။ အမေရိကန်ကျန်းမာရေးဌာန(US National Institutes of Health) မှာ ကာကွယ်ဆေးစမ်းသပ်မှု၏ တွဲဖက်ခေါင်းဆောင်ဖြစ်သော Mr. Lawrence Corey ကလည်း HIV ပိုးကူးစပ်မှုနှုန်းမြင့်မားနေသောနေရာများတွင် ကာကွယ်ဆေးစမ်းသပ်မှုများပြုလုပ်ခြင်းကို စိုးရိမ်ကြောင်း Science မဂ္ဂဇင်းသို့ပြောကြားခဲ့ပါတယ်။

ဒါကြောင့် Covid-19 ကိုလူသားတွေ တတ်စွမ်းသလောက် ကြိုးစားပြီး တားဆီးသင့်နေပါပြီ .. အဲ့လိုတားဆီးတဲ့ နေရာ မှာ မလိုအပ်တဲ့ ဆိုးကျိုး​တွေ မဖြစ်စေတဲ့နည်းလမ်းနဲ့ဆော င်ရွက်ရန် အထူးဘဲအရေးကြီးလှပါသည်။

ဒီဇင်ဘာ ၁ရက်နေ့ ကမ္ဘာ့ Aids နေ့ အထိမ်းအမှတ် အနေနဲ့ ဒီတစ်ပတ်အတွင်းမှာ HIV နဲ့သက်ဆိုင်တဲ့ နောက်ဆုံးသတင်းများကိုပဲတင်ဆက်သွားပါမယ်နော်။ ကျွန်တော်တို့ရဲ့ တင်ဆက်မှုကို ကြိုက်ရင် Instagram နှင့် Facebook မှာ like & follow လေး လုပ်သွားပေးပါအုံး။ (IG: @asiadotgay, and FB: asiadotgay). ကျွန်တော်တို့ရဲ့ အာရှတစ်ခွင်မှာ HIV နဲ့ပတ်သပ်တဲ့ အရေးကြီးသတင်းအချက်အလက်တွေကို ဘာသာစကားမျိုးစုံနဲ့ဖြန့်ဝေဆောင်ရွက်နေမှုကို ပါဝင်လှုဒါန်းခြင်းဖြင့် (donating)ကူညီပေးနိုင်ပါတယ်။