Written by:

PULSE Clinic

PULSE Clinic

Established in Bangkok, PULSE Clinic is a gay-owned private clinic whose mission is to promote and provide excellence in standards of care and education in sexual wellbeing, HIV and related infections, and to actively engage in the formulation of public health policy and research, with the aim of reducing HIV disease burden worldwide.

Share:

Share on facebook
Share on twitter
Share on whatsapp
Share on linkedin
Share on telegram

ADVERTISMENT

Covid-19 ကပ်ရောဂါကြောင့် သင့်၏Prepသုံးစွဲမှုထိခိုက်နိုင်မယ်ထင်သလား? အောက်ကအမေးအဖြေလေးတွေမှာကြည့်လိုက်ရအောင်နော်။

အမေး : Covid-19 ကို Prep က ကာကွယ် သို့မဟုတ် ကုသနိုင်သလား?

အဖြေ : မလုပ်နိုင်ပါဘူး။ Prep က HIV ကိုပဲကာကွယ်နိုင်တာပါ။ Covid-19 ကိုမကာကွယ်နိုင်ပါဘူး။ ကုသမှုလည်းမပေးပါဘူး။ ဒါ့ကြောင့် Prep ကိုဆရာဝန်ညွှန်ကြားချက်အတိုင်းပဲသောက်ပါ။ ပိုပြီးတော့လည်းမသောက်ပါနဲ့။ Prep သောက်လို့ HIV ကလွဲလို့တခြားဘယ်ရောဂါမှ ကာကွယ်ကုသပေးနိုင်တယ်လို့ အခုလောလောဆယ် Prep သောက်လို့ HIV ကလွဲလို့တခြားဘယ်ရောဂါမှ ကာကွယ်ကုသပေးနိုင်တယ်လို့ အခုလောလောဆယ် သက်သေအထောက်အထားမရှိသေးပါဘူး ဆိုတော့ တခြားသူတွေနဲ့လည်းသွားမ shareနဲ့ဦးနော်။

အမေး : Prep နဲ့ HIV ဆေးတွေကို Covid lockdown အတွင်းသိုမှီးထားလို့ရမလား?

အဖြေ : ရတာပေါ့။ သင်Prepယူနေကြ နည်းစပ်ရာဆေးဆိုင် ဒါမှမဟုတ် ဆရာဝန်ရှီကနေစုံစမ်းလိုက်ပါ။

အမေး : Lockdown လုပ်ခံရတုန်း Prep ကိုရပ်ထားလို့ရသလား?

အဖြေ : လိင်ဆက်ဆံမှုမရှိဘူးဆိုရင်တော့ရပါတယ်။ ဒါပေမဲ့ မရပ်ခင်ယောက်ျားလေးများအတွက် ဆိုရင် နောက်ဆုံးလိင်ဆက်ဆံပြီးနေ့နောက်ထပ် ၂ရက် အကြာထိ ဆေးဆက်သောက်ရပါမယ်။ ၂၈ရက်ကြာတယ့်အထိလည်းသောက်လို့ရပါတယ်။ မိန်းကလေးများအတွက်ဆိုရင်တော့ နောက်ဆုံးလိင်ဆက်ဆံထားတဲ့နေ့ကနေ နောက်ထပ် ၇ရက်အထိဆက်သောက်ပေးရပါမယ်။

အမေး : Prep ကိုနေ့တိုင်းသောက်တာကနေ လိုမှသောက်တာ (on demand)ပြောင်းလို့ရလား?

အဖြေ : ဟုတ် ရပါတယ်။ သင်သုံးနေတဲ့ Prep ကTDF/FTC (Tenofovir Disoproxil Fumarat/Emtricitabine )ပါတဲ့ TRUVADA, TENO-EM, နဲ့ အိန္ဒိယ က Ricovir-Em, Renvir-Em, Tavin-Em အစရှိတဲ့ brandတွေဆိုရင်ပေါ့။ ဒီ on demand သောက်တာကတော့ ယောက်ျားအခြင်းခြင်းလိင်တူဆက်ဆံတဲ့သူတွေပဲသောက်လို့ရတာနော်။ ပြီးတော့ Prep အသစ် Descovy (TAF/FTC, Tenofovir Alafenamide (TAF) 25 mg + emtricitabine (FTC) 200 mg) ကတော့ on demand သောက်လို့မရပါဘူး။

အမေး : Prep ကို on demand ဘယ်လိုသောက်ရတာလည်း?

အဖြေ : Prepဆေး၂လုံးကို လိင်ဆက်ဆံမှုမလုပ်ခင် ၂ နာရီကနေ ၂၄နာရီအတွင်း သောက်ရပါမယ်။ ပြီးတော့ လိင်ဆက်ဆံပြီးနောက် ၂၄နာရီကြာတိုင်းဆေး၁လုံးစီ ၂ကြိမ်သောက်ပေးရပါမယ်။ စုစုပေါင်း ၄ လုံးပေါ့။

အမေး : Prep ကိုရပ်ပြီးဘယ်လိုပြန်စသောက်ရမလဲ?

အဖြေ : ဆေးသောက်ရပ်ပြီး ကြားထဲမှာ လိင်ဆက်ဆံမှုမရှိဘူးဆိုရင်တော့ Prepကိုခါတိုင်းလိုပြန်စသောက်လို့ရပါတယ်။ ပြန်မစခင်တော့ သွေးလေးတော့ စစ်လိုက်ပါ ပို စိတ်ချရအောင်။ ယောက်ျားလေးဆိုရင်တော့ လိင်မဆက်ဆံခင် အနည်းဆုံး ၂နာရီ မတိုင်ခင်မှာ ဆေးကို ၂လုံးသောက်လိုက်ပါ။ ဆေးပြန်စပြီး အခုချက်ခြင်းလုပ်မယ်ဆိုရင်ပေါ့။ ပြီးရင်တော့ ဆေးကိုနေ့စဉ်ဆက်သောက် ဒါမှမဟုတ် on demand (၂-၁-၁) လိုသောက်ပေးရပါမယ်။ မိန်းကလေးနဲ့ လိင်ပြောင်းထားသူတွေအတွက်ကတော့ လိင်မဆက်ဆံခင် ၇ရက်ပြည့်အောင်အရင်သောက်ပေးရပါမယ်။