ဂွင်းထုခြင်း၏ကောင်းကျိုးများ။

Written by:

PULSE Clinic

PULSE Clinic

Established in Bangkok, PULSE Clinic is a gay-owned private clinic whose mission is to promote and provide excellence in standards of care and education in sexual wellbeing, HIV and related infections, and to actively engage in the formulation of public health policy and research, with the aim of reducing HIV disease burden worldwide.

Share:

Share on facebook
Share on twitter
Share on whatsapp
Share on linkedin
Share on telegram

ADVERTISMENT

ဂွင်းထုခြင်း(သို့)တစ်ကိုယ်ရေကာမအာသာဖြေမှုဆိုတာ ကာမအရသာကိုခံစားဖို့ မိမိကိုယ်ကိုဖြေသိမ့်ခြင်းကိုဆိုလိုပါသည်။ လူပျိုအများအပြား အများအားဖြင့် ဂွင်းထုရတဲ့အကြောင်းအရင်းကတော့လိင်ဆက်စံဖို့ partner မရှိတာ ဒါမှမဟုတ် ပြင်းထန်လာတဲ့ကာမစိတ်များ ဖျော်သိမ့်ဖို့ပဲဖြစ်ပါတယ်။ ဂွင်းထုခြင်းဟာ လိင်ကျန်းမာရေးအတွက်အရမ်းကောင်းရုံသာမဟုတ်ပဲ တစ်ခြားကျန်းမာရေးကောင်းကျိုးများလဲပေးပါတယ်။ ကျင့်သုံးတဲ့သူအတွက်အရသာရှိရုံတွင်မကပဲ စိတ်ကောလူကောကျန်းမာစေတာနော်။ ဒီလိုများပြားလှတဲ့ ကောင်းကျိုးတွေကိုအောက်မှာကြည့်လိုက်ရအောင်။

၁. စိတ်ပေါ့ပါးသွားစေခြင်: ဂွင်းထုလိုက်တိုင်း ခန္တာကိုယ်က oxytocin နဲ့ dopamine ဆိုတဲ့ hormone တွေကိုထုတ်ပေးပါတယ်။ အဲ့ဒါကြောင့်ခန္ဓာကိုယ်ကိုလန်းဆန်းစေပြီးစိတ် အလိုမကျမှုတွေ ၊ စိတ််ဓတ်ကျမှု တွေ နှင့် စိုးရိမ်ပူပန်မှုတွေကိုလည်း သိသိသာသာလျော့ကျစေပါတယ်။

၂.နှစ်ခြိုက်စွာ အိပ်ပျော်စေခြင်း : တစ်ကိုယ်ရည် အာသာဖြေမှု ဆန္ဒပြီးမြောက်ခြင်းဟာစိတ်ရောကိုယ်ပါ အပန်းဖြေ စေပြီး ထွက်လာတဲ့ endorphins ဟော်မုန်း ကလည်း ခန္ဓာကိုယ်ရဲ့ သွေးလည်ပတ်မှုကိုထိန်းညှိုစေပြီး လူခန္ဓာကိုယ်ကို ပေါ့ပါးလန်းဆန်းစေပါတယ်။ ဒါကြောင့်လျင်မြန်စွာ အိပ်မောကျစေခြင်းနဲ့ နှစ်ခြိုက်စွာ အိပ်ပျော် တဲ့ အကျိုးကျေးဇူးပေးပါတယ်။

၃.မုန့်ပဲသရေစာ/ ဆီကြော်များစားသုံးလိုမှု လျော့ကျစေခြင်း: တစ်ကိုယ်ရည်အာသာဖြေခြင်းမှ ထွက်လာတဲ့ oxytocin က လူတွေကို စိတ်ရောကိုယ်ပါ ပေါ့ပါးလန်းဆန်းမှုဖြစ်စေတာကြောင့် စိတ်အလိုလိုက်ပြီး ကျန်းမားရေးအတွက် အကျိုးမပြုတဲ့ မုန့်ပဲသရေစာ နှင့် ဆီကြော်စားသုံးမှု​တွေကို လည်း လျော့ကျစေပြီး သင့်ခန္ဓာကိုယ်အတွက် အကျိုးရှိတဲ့ အစားအသောက် ရွေးချယ်မှုကို တွန်းအားဖြစ်စေပါတယ်။

၄.ဓမ္မတာကြောင့် ကိုယ်လက်နာကျင်မှုကို လျော့ချစေခြင်း : တစ်ကိုယ်ရည်အာသာဖြေခြင်းက ဓမ္မတာကြောင့်ဖြစ်တဲ့ ကိုယ်လက်နာကျင်ကိုက်ခဲမှုကို လျော့ကျစေပါတယ်။ ခန္ဓာကိုယ်ရဲ့ အောက်ပိုင်း​ သွေးလည်ပတ်မှုကို တိုးမြှင့်စေတာကြောင့် ဓမ္မတာအရ ကိုက်ခဲမှုနှင့် ကျောနောက်ဘက် ကိုက်ခဲခြင်း စတာတွေကို သက်သာစေပါတယ်။

၅.မိန်းမတွေရဲ့ ဆီးလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါကို ကူညီပေးခြင်း : မိန်းမသားတို့လည်း တစ်ကိုယ်ရည်အာသာဖြေခြင်းဖြင့်ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။ တစ်ကိုယ်ရည်အာသာဖြေခြင်းနည်းဖြင့် ဆီးလမ်းကြောင်းဆိုင်ရာ ကူးစက်မှုရှိသူတွေ အနေနဲ့ သားအိမ်မှ ဘက်တီးရီးယားတွေကို ထွက်လာစေခြင်းဖြင့် ရောဂါလက္ခဏာ လျော့ကျစေပါတယ်။

၆. ဆီးကျိတ် ကင်ဆာကို ကာကွယ်ပေးခြင်း : ဂွင်းထုခြင်းဟာဆီးလမ်းကြောင်းထဲက အဆိပ်အတောက်များကို ထွက်သွားစေပါတယ်။ ဒါကြောင့် သုက်များများ ထုတ်ပေးတဲ့ယောကျာ်းလေးတွေက ဆီးကျိတ်ကင်ဆာဖြစ်နိုင်မှု သုံးစလျော့နည်းစေပါတယ်။ တစ်ပတ်ကို ၅ကြိမ်နှင့်အထက် သုတ်ရည်ထုတ်ပေးတဲ့အမျိုးသားများဟာ ဆီးကျိတ်ကင်ဆာဖြစ်နိုင်နှုန်း လျော့နည်းနိုင်ကြောင်း သြစတြေးလျနိုင်ငံက ၂၀၀၃ ခုနစ် လေ့လာချက် တစ်ခုကအဆိုပြုထားပါတယ်။ ဒါကြောင့် ဂွင်းထုခြင်းက ရောဂါဖြစ်စေတဲ့ အဆိတ်အတောက်တွေကိုဆီးလမ်းကြောင်းထဲ ပိတ်မိမနေအောင်ဖယ်ရှားပေးပြီး ဆီးကျိတ်ကင်ဆာကို ကာကွယ်ပေးပါတယ်။

၇. ခြေမငြိမ်ရောဂါကာကွယ်နိုင်ခြင်း(Restless leg Syndrome/RLS) : RLS ရောဂါခံစားရသူများဟာ မိမိတို့ရဲ့ခြေထောက်ကို အမြဲလှုပ်ချင်နေတာကြောင့် ခြေထောက်နာကျင်ခြင်း ကြွက်တက်ခြင်းများဖြစ်တတ်ပါတယ်။ ဆေးဘက်ဆိုင်ရာဂျာနယ် “Sleep Medicine” မှာပါတဲ့ စာစောင်တစ်ခုက လိင်ဆက်ဆံခြင်းနဲ့ တစ်ကိုယ်ရည် ကာမဖြေခြင်းက ဒီ RLS ရောဂါ ကိုသက်သာစေတယ်လို့ အဆိုပြုထားပါတယ်။

၈. ခုခံအားနဲ့အထွေထွေကျန်းမာရေးကိုမြှင့်တင်ပေးခြင်း: အမျိူးသားများ သုက်ထွက်သောအခါ stress hormone ဖြစ်တဲ့ cortisol ကိုထုတ်ပေးပါတယ်။ ဒီ hormone ကအများအားဖြင့် စိတ်ဖိစီးမှုပေးနိုင်သော်လည်း ပမာဏအနည်းငယ်တွင် ခုခံအားကိုတိုးမြှင့်ကူညီပေးကြောင်း ပါရဂူများကအဆိုပြုထားပါတယ်။ အမျိုးသမီးများတွင်လည်း တစ်ကိုယ်ရေကာမဖြေခြင်းက သားအိမ်ခေါင်းနဲ့နှလုံးကျန်းမာရေးကိုကောင်းမွန်စေပြီး ဆီးချိုရောဂါ ၂အမျိုးစား ဖြစ်နိုင်မှုကိုလျော့နည်းစေပါတယ်။

၉. အချိန်မတန်မီ သုက်လွှတ်ထွက်မှုကာကွယ်ခြင်း : လိင်ကုထုံးသမားများအဆိုအရ လိင်မဆက်ဆံခင် နာရီအနည်း ငယ်မတိုင်ခင်မှာ ဂွင်းထု ပေးခြင်းဖြင့် အချိန်မတန်မီ သုက်လွှတ်ထွက်ခြင်းကိုထိန်းချုပ်နိုင်တယ်လို့သိရပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် ပိုမိုကြာအောင်လုပ်နိုင်ပြီး သုတ်ရည်လည်းအလျင်မြန်စွာထွက်မသွားတော့ဘူးပေါ့။

၁၀. လိင်တံမတောင်နိုင်ခြင်းမှကာကွယ်ပေးခြင်း: အသက်ကြီးလာတာနဲ့အလျှောက် ကြွက်သားတွေအားနည်းလာမယ်ဆိုတာသိကြမှာပါ။ ဒါပေမဲ့ ဂွင်းထုခြင်းက သင့်အောက်ပိုင်းက အရေးကြီးတဲ့ကြွက်သားကိုကြံ့ခိုင်စေတော့ လိင်တံမတောင်မှာကိုကာကွယ်မှုပေးပါတယ်။

၁၁. အချိန်ကြာရှည်စေခြင်း: ဂွင်းထုခြင်းရဲ့ များပြားလှတဲ့ကောင်းကျိုးထဲက နောက်တစ်ခုကတော့ သင့်ကို လိင်ဆက်ဆံချိန်မှာ ကြာကြာလုပ်နိုင်စွမ်းပေးတာပဲဖြစ်ပါတယ်။ တစ်ကိုယ်ရေအာသာဖြေခြင်းအားဖြင့် သင့်ခံစားချက်များ အထွတ်အထိတ်ရောက်မဲ့ အခြေအနေကို သင်ရင်းနှီးလာပို့အခွင့်အရေးဖြစ်မှာပါ။

၁၂. သုက်ကောင်လှုပ်ရှားမှု မြင့်မားစေခြင်း : ဂွင်းထုခြင်းကသင်ထုတ်လွှတ်လိုက်တဲ့သုက်ကောင်အရည်အသွေးနဲ့ လှုပ်ရှားနိုင်မှုကိုကောင်းမွန်စေတယ်လို့တစ်ချို့လေ့လာမှုများအရသိထားရပါတယ်။ လိင်မဆက်ဆံခင် ဂွင်းထုခြင်းပြုလုပ်ပေးလိုက်တဲ့အခါ သင့်၏သုက်ပိုက်ထဲမှာကြွင်းကျန်နေတဲ့ သုက်ကောင်တွေကိုဖယ်ရှားပေးလိုက်ပါတယ်။ ဒါကြောင့် “ပိုမိုကောင်းမွန်”တဲ့ သုက်ကောင်အသစ်လေးတွေကိုထုတ်လုပ်ပေးပြီး သန္ဓေတည်အောင်ကြိုးစားနေတဲ့စုံတွဲတွေအတွက်ပိုအဆင်ပြေစေပါတယ်။

၁၃. စိတ်ဓာတ်ကျခြင်းကိုထိန်းပေးခြင်း : တစ်ကိုယ်ရေအာသာဖြေတဲ့အခါမှာ ရွှင်လန်းစေတဲ့ hormone ဖြစ်တဲ့ oxytocin ကိုထုတ်ပေးတာကြောင့် စိတ်ဖိစိမှုများနေတဲ့ အချိန်မှာ တစ်ကိုယ်ရေအာသာဖြေခြင်းဖြင့်စိတ်ရွှင်လန်းသွားအောင်လုပ်ပေးနိုင်ပါတယ်။

၁၄. လိင်မှတစ်ဆင့်ကူးစက်သောရောဂါနှင့်မလိုလားအပ်သည့်ကိုယ်ဝန်တားဆီးပေးခြင်း : တစ်ကိုယ်ရေအာသာဖြေပြီး ကာမအရသာခံစားခြင်းဟာ လိင်မှတစ်ဆင့်ကူးစက်သောရောဂါနှင့်မလိုလားအပ်သည့်ကိုယ်ဝန်မရရန်အတွက် စိတ်အချရဆုံးနည်းလမ်းပဲဖြစ်ပါတယ်။

နိဂုံးချုပ်အနေနဲ့ကတော့ တစ်ကိုယ်ရေအာသာဖြေခြင်းဟာ အသင့်အတင့်ပြုလုပ်မယ်ဆိုရင်တော့ ကောင်းကျိုးများပြားစွာရရှိနိုင်ပါတယ်။ ဒါပေမဲ့ တန်ဆေးလွန်ဘေး ဆိုတဲ့အတိုင်း အလွန်အကျွံလုပ်ရင်တော့ ကျန်းမာရေးကိုထိခိုက်လာပါလိမ့မယ်။ ပြဿနာတစ်ခုခု အသေးစိတ်သိလိုတယ်ဆိုရင်တော့ နီးစပ်ရာ ဆရာဝန်နဲ့ ဆက်သွယ်မေးမြန်းလိုက်ပါ။