Testosteroneဆိုတဲ့ hormone ဆိုတာကိုလူအများအပြားကြားဖူးမှာပါ။ ဒါပေမဲ့ အဲ့ဒီ့ hormone ကမိမိတို့ရဲ့ခန္တာကိုယ်ထဲမှာ မည်သည့်လုပ်ငန်းလုပ်တယ်ဆိုတာ ကိုနားလည်တဲ့သူကတော့မရှိသလောက်ပါပဲ။ အထူးသဖြင့် အဆီကျခြင်းနဲ့ ပတ်သက်ပြီးတော့ပေါ့။ အခုစာဖတ်သူတို့ထဲမှာ ဘယ်နှစ်ယောက်လောက် အစားလျော့စား လေ့ကျင့်ခန်းလုပ်တာတောင် ဗိုက်ကအဆီကိုခုထိမချေဖျက်နိုင်သေးဘူးလဲ?
အဲ့ဒါဘာ့ကြောင့်လဲဆိုတာကြည့်လိုက်ရအောင်။
Testosterone ဆိုတာကတော့ အဓိကအားဖြင့် ယောက်ျားhormoneဖြစ်ပြီး အမျိုးသမီးများတွင်တော့အနည်းငယ်ထုတ်လုပ်မှုကိုသာတွေ့ရပါတယ်။ အဲ့ hormone ဟာ ဇရာဆန့်ကျင်တဲ့ (anti-Aging hormone) လို့လည်းသိရပြီး ဦးနှောက်၊အရိုး၊ကြွက်သား၊အဆီဖြန့်ချီမှု၊ လိင်အင်္ဂါနဲ့ လိင်အပြုအမူတို့ကိုအကျိုးသက်ရောက်စေပါတယ်။ Testosterone လျော့နည်းခြင်းဟာ အသက်မစေ့သေဆုံးခြင်းကို အလားအလာပေးတဲ့အကြောင်းအရာတစ်ခုလို့လဲသိရှိရပါတယ်။ အမျိုးသားများမှာတော့Testosterone မြင့်မားသူများ အသက်ပိုရှည်ကြောင်းသိရပါတယ်။
အသက် ၁၆-၆၀ ကြား အမျိုးသားများအတွက် Testosterone မြင့်သောရေချိန်တိုင်းတာမှုအညွှန်းကတော့ ၁၀-၃၈ nmol/Lရှိရပါမည်။ အမျိုးသားများ Testosteroneရေချိန်တိုင်းမယ်ဆိုရင် ယုံကြည်စိတ်ချအရဆုံးကတော့ မနက် ၇ နာရီ နဲ့ နေ့လည် ၁၂ နာရီအတွင်းမှာ သွေးဖောက်စစ်ခြင်းပဲဖြစ်ပါတယ်။ မွန်းလွဲပိုင်းနဲ့ ညနေခင်းဆိုလျှင်တော့ Testosterone level တွေနိမ့်ပြီးမတိကျတတ်ပါ။ အမျိုးသားများအတွက်အသင့်တင့်ဆုံး Testosterone level ကတော့ ခုနကရေချိန်အညွှန်းရဲ့ထိက်တစ်ဝက်မှာရှိရမှာဖြစ်ပါတယ်။ ထိပ်ညွှန်းနဲ့ နီးလေကောင်းလေပါပဲ။ ရေချိန် ၁၅ ထက်နည်းလျှင်တော့ ရောဂါအစ (subclinical hypogonadism) ဖြစ်နေနိုင်ပြီး ဆေးကုသမှုခံယူရပါမည်။
Testosterone အပြင် Estrogen ဆိုတဲ့ hormone နောက်တစ်မျိုးလည်းရှိပါသေးတယ်။ အဲ့ဒီ့ နှစ်မျိုးက အဖိုဓာတ် အမဓာတ် (Yin နဲ့ Yang) လို ပူးပေါင်းပြီး ခန္တာကိုယ်ရဲ့လုပ်ငန်းတာဝန်များကို ညီမျှအောင်ထမ်းဆောင်ပေးပါတယ်။ Testosterone ရေချိန်မြင့်နေလျှင် Estrogen ရေချိန်နိမ့်ပြီး အလားတူ အပြန်အလှန်သက်ရောက်ပါတယ်။
ဒါ့ကြောင့် ဒီ hormone နှစ်ခုဟာကြွက်သားကြီးထွားမှုနဲ့ အဆီကျမှုနေရာမှာအရေးကြီးလှပါတယ်။ Testosterone ရေချိန်အမြင့်ပိုင်းမှာရှိသူများက အလေးမမလျင်တောင် သဘာဝအတိုင်း ကြွက်သားများသန်မာပြီး အဆီသိုလှောင်မှုလျော့နည်းပါမည်။ Estrogen ရေချိန်မြင့်နေမယ် ဆိုရင်တော့ အလားတူ ပြောင်းပြန် လေးကျင့်ခန်းလုပ်သော်လည်း အဆီကျမလွယ်ဖြစ်နေပါမယ်။ ဒါ့ကြောင့် ကြွက်သားတွေကြီးပြီး အဆီတွေ ထိရောက်စွာကျချင်တယ်ဆိုရင်တော့ သင့်ခန္တာကိုယ်ရဲ့ Testosterone level ကိုသိဖို့လိုမယ်နော်။ Testosterone ရေချိန် ၃၆ လောက်ထိမြင့်နေတာက ရေချိန် ဥပမာအားဖြင့် ၁၂ လောက်ပဲရှိနေတာထက်ပိုသင့်တော်ပါတယ်။
Testosterone level ကို ဆေးဝါးအကူအညီမပါပဲ သဘာဝကျကျသင့်တင့်အောင် နည်းလမ်းအများအပြားရှိပါတယ်။ ဥပမာအားဖြင့် ပြောရလျှင် အဟာရပြည့်ဝအောင်စားသောက်ခြင်း၊ ထိရောက်သောလေ့ကျင့်ခန်းများပြုလုပ်ခြင်း၊ အားဆေးများသောက်ခြင်း၊ ကောင်းမွန်စွာအိပ်ခြင်း နဲ့ စိတ်ဖိဆီးမှုများကိုဂရုစိုက် ထိန်းချုပ်ခြင်းတို့ပဲဖြစ်ပါတယ်။ ဒါပေမဲ့ လူတစ်ချို့ကတော့ Testosterone ရေချိန်မြင့်အောင်ကြွက်သားကြီးထွားဆေး(anabolic steroids) များကို ဆရာဝန်ညွှန်ကြားကြီးကြပ်မှုမရှိပဲအသုံးပြုလျက်ရှိသည်။ အဲ့လိုပြုလုပ်ခြင်းအားဖြင့် ကင်ဆာ၊ ဆံကေသာ၊ အသည်း၊ ဝက်ခြံအရေပြား ထိခိုက်မှုများရှိပြီး လေဖျက်ခြင်း နဲ့ စိတ်ဓာတ်ကျခြင်းများပါဖြစ်နိုင်ပါတယ်။
အကယ်၍ သင်၏ နေထိုင်မှု၊ diet နဲ့ လေ့ကျင့်ခန်း တို့ကကောင်းမွန်သော်လည်း သင်မျှော်မှန်းထားတဲ့ရလဒ်များကို မရနိုင်ဖြစ်နေတယ်ဆိုရင်တော့ သွေးလေးစစ်ပြီး Testosterone level ကိုတိုင်း၊ ပညာရှင်တစ်ယောက်နဲ့ပြဖို့သင့်နေပါပြီ။