Macronutrients (သို့) အတိုကောက် macros ဆိုတာကတော့ အသားဓာတ်၊ အဆီဓာတ်နဲ့ ကစီဓာတ်တို့ကိုပြောတာပဲဖြစ်ပါတယ်။ ကျွန်တော်တို့လိုအပ်တဲ့ ကယ်လိုရီတွေအများအပြားကိုပေးတဲ့အရာတွေပေါ့။ ဒီ macroတွေက ကျွန်တော်တို့ခန္တာကိုယ်အပေါ်ကိုသက်ရောက်မှုပုံခြင်းတစ်ခုနဲ့တစ်ခုမတူပါဘူး။ ဒါ့ကြောင့် ကယ်လိုရီတိုင်းတူတယ်လို့ပြောလို့မရဘူးပေါ့နော်။
ဒါဆိုနည်းနည်းထပ်ရှင်းမှရတော့မယ်။ ဒီ macro တွေဖြစ်တဲ့ အသားဓာတ်၊ အဆီဓာတ်၊ ကစီဓာတ်တို့ကဘာတွေလည်း?
အသားဓာတ် : ဒီဟာကတော့ Macro တွေရဲ့ ချန်ပီယံပါပဲ။ ကြွက်သားများ တည်ဆောက်တာ ထိန်းသိမ်းတာတွေမှာကူညီထောက်ပံ့ပေးတဲ့အပြင် အစာစားတဲ့အချိန်မှာလည်း ဗိုက်အမြန်ပြည့်စေတာမို့ ခန္တာကိုယ်ကိုအဆီလျော့ပြီး ကျစ်လစ်စေတာပေါ့။
အဆီဓာတ်: ဒါကတော့ အသက်ရှင်နေထိုင်ဖို့အတွက်မရှီမဖြစ်တဲ့ macroပါ။ အဆီဓာတ်ဟာ ခန္တကိုယ်အတွက်စွမ်းအင်သိုလှောင်ခြင်း၊ နွေးထွေးစေခြင်း၊အရေးကြီးတဲ့ကိုယ်တွင်းကလီစာတွေကိုကာကွယ်ပေးခြင်း၊ ဦးနှောက်ပိုင်းနဲ့ဟောမှုန်းဆိုင်ရာလုပ်ငန်းများကိုထောက်ပံ့ပေးခြင်းအစရှိတဲ့ လုံးစုံသောလုပ်ငန်းများတွင် အရာဝင်ပါတယ်။
ကစီဓာတ် : ကစီဓာတ်ကတော့ ခန္တာကိုယ်အတွက် လိုအပ်တဲ့ စွမ်းအင်အရည်းအမြစ်ပဲဖြစ်ပါတယ်။ ခန္တာကိုယ်အတွက် အားအင်ဖြည့်ပြီးတော့ ဦးနှောက်နဲ့ကြွက်သားများကိုလည်ပတ်စေပါတယ်။
အိုကေ အခု macro တွေအကြောင်းနားလည်သွားပြီဆိုတော. သူတို့တွေကိုဘာလို့”count”ရမှာလည်းဆိုတာကိုဆက်ပြီးလေ့လာလိုက်ကြရအောင်။
Macro များကိုရေတွက်ခြင်း”count” လုပ်ခြင်း။
ဒီmacroတွေကို ရေတွက်ခြင်းအားဖြင့် ကျွန်တော်တို့ခန္တာကိုယ်ကိုအကောင်းဆုံးလည်ပတ်နိုင်အောင် လိုအပ်တဲ့ မှန်ကန်တဲ့ macronutrient ပမာဏကိုရယူနိုင်တာပေါ့။ ဒါကြောင့် အားသန်အောင်လုပ်နေတဲ့တစ်ချိန်ထဲမှာဘဲ အဆီကျအောင် လုပ်လို့ရတဲ့ အရမ်းကောင်းတဲ့နည်းလမ်းတစ်မျိုးဖြစ်ပါတယ်။ ပြီးတော့ ကျွန်တော်တို့စားနေတဲ့ အစားအစာအကြောင်းတွေလည်း အသေးစိပ်သိရတာပေါ့။
ဒီလို အစားအစာကို ရေတွက်ပြီးမှ စားရတာဆိုတာ ကြားရင်တော့ ကျဉ်းကျပ်ကန့်သတ်ထားသလို ခံစားရပေမဲ့ တစ်ကယ်ကတော့ ပြောင်းပြန်လို့ပြောရမလိုပါပဲ။
ဘာကြောင့်လဲဆိုတော့ တစ်နေ့ကိုသတ်မှတ်ထားတဲ့ အသား၊ကစီ၊အဆီဓာတ် ပမာဏကိုစားတဲ့အချိန်မှာ ကိုယ့်စိတ်ကြိုက်ပုံစံအတိုင်း ရွေးချယ်စားသောက်လို့ရလို့ပါပဲ။ စာရေးသူရဲ့ထင်မြင်ချက်အရဆိုရင်တော့ ရင်းနှီးမြှုပ်နှံမှုတစ်ခုလိုပဲပေါ့။
ပထမဆုံး ကျွန်တော်တို့ရဲ့ အရင်းနှီး capital (တစ်နေ့ ကယ်လိုရီ သုံးချမှု) ကိုသိရပါမယ်။ ပြီးတော့ လိုချင်တဲ့ရလဒ်ကဘာလည်း (အဆီကျချင်တာလား၊ လူကောင်ကြီးချင်တာလား) သတ်မှတ်ရပါမယ်။ အဲ့ဒါကိုယ်ကြည့်ပြီးတော့မှ ကျွန်တော်တို့လိုအပ်တဲ့ ကယ်လိုရီပမာဏကို ဘယ် macro အချိုးအစနဲ့ယူမလဲဆိုပြီး portfolio အမျိုးမျိုးကိုတည်ဆောက်လို့ရတာပေါ့။
ဘယ်အစားအစာနဲ့မဆို macro ကိုဖြည့်လို့ရပါတယ်။
ပေါင်မုန့်မစားရဘူး ရေခဲမုန့်မစားရဘူးမရှိပါဘူး။ ကျွန်တော်တို့တစ်နေ့တာ ရွေးချယ်ထားတဲ့ macro ပမာဏနဲ့ ညီညွှတ်တယ်ဆိုရင် ကြိုက်နှစ်သက်ရာကိုစိတ်သန့်သန့်နဲ့စားလို့ရပါတယ်။
ဒါပေမဲ့ မုန့်ပဲသရေစာတွေပဲရွေးစားလို့တော့အဆင်မပြေဘူးပေါ့နော်။ Macro ရေတွက်ပြီးစားတဲ့နည်းလမ်းကပေးတဲ့ လွတ်လပ်မှုကိုအသုံးချပြီးတော့ တခါတလေ အချိုစားပြီး ရေရှည် အာဟာရဖြစ်အောင်တော့ ကောင်းတဲ့အစားအစာတွေကိုရွေးစားရပါမယ်။ အသင့်မြတ်ဆုံးကတော့ စားတဲ့ dietရဲ့ ၈၅-၉၀% ကို အဟာရပြည့်ဝတဲ့အစားအစာတွေကိုရွေးပြီး ကျန်တဲ့ ၁၀-၁၅% ကိုတော့ အာသာပြေတစ်ခုခုစားချင်ရင်စားလို့ရတာပေါ့။
ဒါဆို macro count တာ ကို ဘယ်လိုလုပ်ရမလဲ?
အရမ်းအတိကျသိချင်တဲ့ ကိုကိုမမတို့ ဆိုရင်တော့ ဟင်းချက်ချိန်စက်လေးသုံးပြီး ရလာတဲ့ အလေးချိန်အတိုင်းအတာကို Myfitnesspal၊ Myplate၊Macros အစရှီတဲ့ဖုန်းapplication တွေပေါ်တင်ပြီးရေတွက်နိုင်ပါတယ်။
ဒါမျိုးကတော့ အားကစားပြိုင်ပွဲ၊ အဆီကျဖို့၊ လိုချင်တဲ့ဝိတ်ရောက်ဖို့ အစရှိသဖြင့်ရည်ရွယ်ချက်ရှိတဲ့သူတွေအတွက်အရမ်းအသုံးဝင်ပါတယ်။ အဲ့လိုမဟုတ်ရင်တော့ လက်ဆန်းအတိုင်းအထွာလောက်နဲ့တင်လုံလောက်ပါတယ်။
ဒါပေမဲ့ နားလည်ရမှာက macro count တာက ကိန်းဂဏန်းတွက်ချက်သလို ၁ နဲ့ ၁ ပေါင်း ၂ အမြဲမဟုတ်ဘူးဆိုတာပါပဲ။ ကျွန်တော်တို့ခန္တာကိုယ်ရဲ့ အစာချေဖြတ်မှု အဟာရစုပ်ယူမှု လုပ်ငန်းတွေကတစ်ယောက်ချင်းတစ်ယောက်ချင်းမတူသလို အရမ်းလဲ ရှုပ်ထွေးလှပါတယ်။ ဒါကြောင့် ကိုယ့်ခန္တာကိုယ်ရဲ့ ဇီဝတည်ဆောက်မှုပေါ်မူတည်ပြီး macro တွေရဲ့အကျိုးသက်ရောက်မှုကွာခြားတတ်ပါတယ်။
နောက်ဆုံးစာကျန်
Macro count လုပ်တာဟာ ကျန်းမာပြီးလိုချင်တဲ့ ဝိတ်ပန်းတိုင်ကိုရောက်ဖို့တစ်မျိုးတည်းသော နည်းလမ်းမဟုတ်ပါဘူး။ ကောင်းမွန်တဲ့ အစားသောက် အလေ့အကျင့်ကို တသမတ် ပြုကျင့်ဖို့က ပဓာဏပါ။ အစာစားချိန်မှာ နှောက်ရှက်မှုမရှိ သတိလေးကပ်ပြီး တစ်ကိုက်ခြင်းအရသာခံပြီးစားတာ။ ပြီးတော့ ကို့ယ်ခန္တာကိုယ်အလျောက် လိုက်လျောငြီထွေအောင်အဟာရပြည့်ပြည့်စားတာတို့ကအရေးကြီးလှပါတယ်။
Macro ရေတွက်ခြင်းအားဖြင့် ကျွန်တော်တို့ ပြုကျင့်ချင်တဲ့ diet အမျိုးမျိုးကို လွယ်ကူစွာ ပြောင်းလဲကျင့်သုံးနိုင်စေပါတယ်။ အစားအစာတွေ အကြောင်းကို လေ့လာခြင်းဟာ ကောင်းမွန်တဲ့ နည်းလမ်းဖြစ်ပြီး ကိုယ်စားသုံးတဲ့ အစားအစာ အလိုက် ကိုယ်ခန္ဓာက ဘယ်လို တုန့်ပြန်မှုပေးလဲဆိုတာကို နားလည်သဘောပေါက်စေပါတယ်။
လူတစ်ယောက်ချင်းစီအလိုက် မတူညီတဲ့ အစားအသောက်တွေ အတွက် သူတို့ရဲ့ ခန္ဓာကိုယ် ထဲက အာဟာရဖွဲ့စည်းတည်ဆောက်ပုံ နှင့် တုန့်ပြန်မှုဟာ မတူညီ နိုင်ပါဘူး ။ ဒါကြောင့် မိမိခန္တာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံ ကို သဘောပေါက်နားလည်အောင် လုပ်ခြင်းက အချိန်ဖြုန်းခြင်းမဟုတ်ပါဘူး။
Recent articles

Singapore to Repeal 377a Penal Code Law That Criminalises Sex Between Men
SINGAPORE: In his 2022 National Day Rally speech on 22 August 2022, Prime Minister of Singapore, Mr Lee Hsien Loong, announced that Singapore would repeal Section 377A, bringing the law in line with current social norms. The news would bring some solace to gay Singaporeans. “They are our fellow Singaporeans. They are our colleagues, our…

3 LGBTQIA+ Charities To Support This Summer
Giving back to your community is important and with Pride month quickly approaching, we thought it was a good idea to mention some meaningful, significant LGBTQ+ charities to support this summer! Ten Oaks Project The Ten Oaks Projects focuses on LGBT children and youth groups to connect and grow through programs. The project is based…

Katy Perry’s Play Las Vegas Residency Review
“Wig. Did you just say wig? I know… Wig. I feel that already.” – Katy Perry, 2018 When my friends invited me to a Vegas weekend getaway a few months ago, I knew what had to be done. I’ve always loved Katy Perry. Dare I say… I’ve always been a Katy Cat. Ever since lil…