တစ်ကိုယ်ရေအာသာဖြေခြင်း…. ဆိုတာကတော့လူတိုင်းလိုလိုပြုကျင့်တဲ့ ခံစားလို့ကောင်းပြီးသဘာဝကျတဲ့အမှုတစ်ခုပဲဖြစ်ပါတယ်။ ပြောရရင် တစ်ခါတစ်လေဆို နှစ်ယောက်လုပ်ရတာထက် ကိုယ့်ဘာသာတစ်ယောက်ထဲအာသာဖြေရတာက ပိုတောင်ကောင်းသေးတယ်မဟုတ်လား။ကိုယ့်ဟာနဲ့ကိုဆို အထွတ်အထိတ်ရောက်ရတာ လွယ်သကိုး။ ဒီလောက်အများအပြားပြုကျင့်တဲ့ ကိစ္စဖြစ်သော်လည်းပဲ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ သတင်းအမှားတွေအများကြီးရှိနေတုန်းပါပဲ။ ဒါကြောင့် ကျွန်တော်ဒီမှာ တစ်ချို့မေးခွန်းလေးတွေကိုဖြေကြားပေးထားပါတယ်
ပထမဦးဆုံးမေးခွန်းကတော့ တစ်ကိုယ်ရေအာသာဖြေခြင်းက သဘာဝကျလား?
သိပ်ကျတာပေါ့။ ဂွင်းထုတာဟာလုံးဝသဘာဝကျပြီး ဖြစ်လေ့ဖြစ်တတ်တဲ့ အမှုတစ်ခုလည်းဖြစ်ပါတယ်။ အသက်အရွယ်မရွေးလူတိုင်းပြုလုပ်တဲ့ကိစ္စဖြစ်ပြီး လူတိုင်းရဲ့ ပထမဆုံးကာမအရသာလဲဖြစ်လေ့ရှိပါတယ်။ ဒါပေမဲ့ လူတိုင်းအကြိုက်တော့မဟုတ်တဲ့အတွက် မကြိုက်ဘူးဆိုရင်မလုပ်လဲရတာပေါ့နော်။
တစ်ကိုယ်ရေအာသာဖြေခြင်း/ဂွင်းထုခြင်း အစရှိသဖြင့်အကုန်လုံးက သင့်သလောက်ပဲလုပ်မယ်ဆိုရင် လိုးဝအန္တရာယ်ကင်း ဆိုးကျိုးမရှိ ကျန်းမာတဲ့အရာပဲဖြစ်ပါတယ်။ ကိုယ့်ရဲ့ခန္တာကိုယ်ကိုနားလည်ဖို့အရမ်းကောင်းတဲ့နည်းလမ်းတစ်ခုပဲပေါ့။ ကိုယ့်ခန္တာကိုယ်အခြေအနေကိုပိုနားလည်တော့ တစ်ခြားသူနဲ့ကာမဂုဏ်ခံစားတဲ့အခါ လမ်းညွှန်ရတာပိုအဆင်ပြေတယ်လေ။
ဒါနဲ့ တစ်ကိုယ်ရေအာသာဖြေတာဆိုတာ အတိအကျဘာကိုပြောချင်တာလည်း။
တစ်ကိုယ်ရေအာသာဖြေခြင်းဆိုတာ ကာမအရသာကိုလိင်င်္အဂါကနေ များသောအားဖြင့်လက်နဲ့ထိပွတ်ပြီးရယူတာကိုပြောတာပါပဲ။ တစ်ယောက်တည်းလည်းလုပ်လို့ရ အများနဲ့လည်းလုပ်လို့ရပါတယ်။ အဲ့ဒီလိုလုပ်ခြင်းအားဖြင့်ကာမအရသာအထွတ်အထိတ်ကိုဆွတ်ခူးလို့ရတာပေါ့။ အများအားဖြင့် အမျိုးသားစုကတော့ ထောင်မတ်နေတဲ့လိင်တံကို လက်နဲ့အပေါ်အောက်ရွှေ့ပြီးတော့ထုပွတ်ကြပါတယ်။ အမျိုးသမီးစုကတော့ လက်ချောင်းကို မိန်းမင်္အဂါအပေါက်ဝနေရာနဲ့ အစေ့ကိုပွတ်သက်ပြီးရယူကြပါတယ်။ ဒီတစ်ကိုယ်ရေအာသာဖြေတဲ့အခါမှာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ဖြေတတ်ကြတာမို့လို့မှားတယ်မှန်တယ်ဆိုတာမရှိပါဘူး။
တစ်ကိုယ်ရေအာသာဖြေခြင်းကကျန်းမာရေးပြဿနာတွေဖြစ်စေနိုင်သလား?
တစ်ကိုယ်ရေအာသာဖြေခြင်းဟာ အများကြီးလုပ်ရင်တောင် ကိုယ်စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးမရှိပါဘူး။ အချိန်အတိုအတွင်းမှာ ပွတ်ထုတာများရင်တော့ နည်းနည်းနာတာတော့ရှိတတ်တာပေါ့နော်။ နှစ်ယောက်တူတူ အာသာဖြေရင်လည်း အသုံးပြုတဲ့လက်တွေကို လိင်ရည်တွေမထိဘူးဆိုရင် လိင်ရောဂါSTI တွေဖြစ်ဖို့ရာနှူန်း နည်းနည်းပဲရှိပါတယ်။
တစ်ကိုယ်ရေအာသာဖြေခြင်းကိုပြောကြားဆွေးနွေးရမှာ ကြောက်ရင်တောင်မှ တစ်ယောက်တည်းပြုကျင့်ရတာကိုတော့မကောင်းမြင်ရွံရှာမလုပ်ပါနဲ့နော်။ တစ်ကိုယ်ရေအာသာဖြေခြင်းဟာ ကိုယ့်ဘဝကို ထိခိုက်လာပြီလို့ခံစားရရင်တော့ ဆရာဝန်နဲ့ဆွေးနွေးလိုက်ပါ။
တစ်ကိုယ်ရေအာသာဖြေခြင်းကိုအလွန်အကြွန်လုပ်တယ်ဆိုတာရှိနိုင်သလား။? ဘယ်လောက်ဆိုလွန်သွားနိုင်သလဲ?
ယေဘုယျအားဖြင့်တော့ မရှိပါဘူး. ဒါပေမဲ့ ဝါသနာအရမ်းထုံပြီး စွဲလမ်းတာတွေတော့ဖြစ်နိုင်ပါတယ်။ လုပ်ငန်းတွေလူမှုရေးတွေထိခိုက်လောက်အောင်ဖြစ်နေပြီဆိုရင်တော့ဆရာဝန်နဲ့တွေ့ဖို့လိုနေပါပြီ။ အဲ့ဒီ့အပြင်တော့ အသားအနည်းငယ်နာတာ ပွန်းတာလောက်ပဲဖြစ်နိုင်ပါတယ်။
တစ်ကိုယ်ရေအာသာဖြေခြင်းဖြင့် သန္ဓေမြုံခြင်း ၊ ပန်းသေခြင်းဖြစ်နိုင်ပါသလား?
ဒါကတော့ဖြစ်ဖို့အရမ်းခဲပါတယ်။ အရမ်းအာသာဖြေရင်တောင် မျိုးအောင်နိုင်ခြင်းအပေါ်ထိရောက်မှုရှိဖို့ခဲရင်းလှပါတယ်။ ဂွင်းမထုပဲ နှစ်ရက်သုံးရက်အနားယူတာက သုတ်ရည်အရည်အသွေးအကောင်းဆုံးကိုထုတ်ပေးတယ်လို့လေ့လာမှုအချို့ရှိသော်လည်း နေ့စဥ်နေ့တိုင်းသုတ်ထုတ်လွတ်ခြင်းဟာ သုတ်ကောင် အရည်အသွေး အရည်အတွက်ကိုမထိခိုက်ဘူးဆိုတဲ့ လေ့လာချက်တွေလည်းရှိပါတယ်။
လက်တွဲဖော်ရည်းစားရှိလျက်နဲ့ တစ်ကိုယ်ရေအာသာဖြေတာသင့်တော်ပါသလား?
ကိုယ့်ချစ်သူနဲ့အချစ်ရေးရင်းနှီးအမှုကို မထိခိုက်စေဘူးဆိုရင်တော့အဆင်ပြေပါတယ်။ တစ်ချို့ကထင်တတ်ကျတယ် ချစ်သူရည်းစားက တစ်ကိုယ်ရေအာသာဖြေနေတယ်ဆိုရင် လိင်ပိုင်းဆိုင်ရာပြည့်စုံအောင်မထားနိုင်လို့လို့ဆိုသည်ဖြင့်ပေါ့။
ဒါပေမဲ့ လူတစ်ယောက်တစ်ကိုယ်ရေအာသာဖြေရတဲ့အခါ ကာမစိတ်အရမ်းပြင်းထန်လို့ ပြီးပြီးစိတ်ပေါ့ပါးချင်လို့ စသဖြင့်အကြောင်းပြချက်အများကြီးရှိနိုင်ပါတယ်။
ဒါကြောင့် ကိုယ့်ရည်းစား တစ်ကိုယ်ရေအာသာဖြေတယ်ဆိုရင် စိုးရိမ်စိတ်ဆိုးမဖြစ်ပါနဲ့။ နှစ်ယောက်ကြား လိင်မှုကိစ္စကို ထိခိုက်လာပြီးလို့ခံစားရမှသာ ချစ်သူရည်းစားကို အသိပေးဆွေးနွေးလိုက်ပါ။