Written by:

asiadotgay

asiadotgay

asia.gay is your reference to travel, lifestyle, sex, relationships, health, culture and communities across Asia, in multiple languages.

Share:

Share on facebook
Share on twitter
Share on whatsapp
Share on linkedin
Share on telegram

ADVERTISMENT

HIVရောဂါနှင့် ရှင်သန်နေရသူများဟာ စိတ်ကျန်းမာရေးထိခိုက်ပြီး စိတ်ဓာတ်ကျရောဂါဖြစ်ဖို့ chance ပိုများပါတယ်။ လေ့လာချက်အရ HIVရောဂါဖြစ်သူ ၃၉%ဟာစိတ်ဓာတ်ကျရောဂါကိုလည်းခံစားနေရတယ်လို့သိရှိရပါတယ်။

စိတ်ဓာတ်ကျခြင်းဟာ ကျွန်တော်တို့ရဲ့ နေ့စဥ်လည်ပတ်မှုတွေကိုထိခိုက်စေပြီး HIV ရောဂါကုသမှုလမ်းစဥ်ကို အဆက်မပြတ်လိုက်နာရန်ကို အခက်အခဲဖြစ်စေပါတယ်။

ကိုယ့်ကိုကိုယ်စိတ်ဓာတ်ကျလာတယ်လို့ ခံစားလာရလျင် ဆရာဝန်နဲ့တွေ့ပြီး စိတ်အခြေအနေအပြောင်းအလဲကို ဆွေးနွေးဖို့ရင်မလေးပါနဲ့။

စိတ်ဓာတ်ကျခြင်း ရောဂါလက္ခဏာများ

စိတ်ပင်ပန်းတာ ဒါမှမဟုတ် တစ်ခြားစိတ်ပိုင်းဆိုင်ရာစိန်ခေါ်မှု တွေကို ၂ပတ်ကာလနှင့်အထက် နေ့စဥ်နေ့တိုင်းနီးပါးခံစားနေရတယ်ဆိုရင်​ ဒါစိတ်ဓာတ်ကျရောဂါဖြစ်ကောင်းဖြစ်နေပါပြီ။

စိတ်ဓာတ်ကျခြင်း ရောဂါလက္ခဏာတွေကတော့ :

  • အမြဲလိုလို စိတ်ပျော်ရွှင်မှုမရှိခြင်း
  • မျှော်လင့်ချက်ကင်းမဲ့ခြင်း၊ အဆိုးမြင်ခြင်း
  • မိမိကိုယ်ကိုယုံကြည်မှုမရှိခြင်း၊ အပြစ်တင်ခြင်း
  • စိတ်ဆတ်ခြင်း၊ စိတ်တိုဒေါသထွက်လွယ်ခြင်း
  • ပုံမှန်ကြိုက်နှစ်သက်သောအရာများကို စိတ်ဝင်စားမှုမရှိတော့ခြင်း
  • ပင်ပန်းနွမ်းနယ်ခြင်း
  • နှစ်ချိုက်စွာအိပ်မပျော်ခြင်း
  • စားမဝင် အလေးချိန်မမှန်ခြင်း
  • စကားအပြောအဆို အသွားအလာနှေးကွေးခြင်း
  • မှတ်ဥာဏ်နည်း အာရုံစူးစိုက်မှုမရှိခြင်း
  • ရုတ်တရက် ကိုက်ခဲမှုများ၊ အစာအိမ်ပြဿနာများ
  • suicide လုပ်ချင်စိတ်များ (သို) suicide ပြုလုပ်ခြင်း

Antiretroviral treatment(HIV ကုသမှု) နှင့် စိတ်ဓာတ်ကျခြင်း

HIV ရောဂါနှင့် ဒွန်တွဲနေထိုင်ရတာဟာ စိန်ခေါ်မှုတွေနဲ့ ခက်ခဲနိုင်လှပါတယ်။ စိတ်ဓာတ်ကျစေနိုင်တယ့်အကြောင်းအရင်တွေထဲကတစ်ခုပေါ့။

ဒါပေမဲ့ တစ်ချို့သောက်ရတယ့်ဆေးတွေကြောင့်လဲ စိတ်ကျဝေဒနာကိုဖြစ်စေနိုင်ပါတယ်။

Antiretroviral therapy (ART) treatment ဟာ HIV ကုသရာမှာ အင်မတန်မှ အရေးပါတယ့် အပိုင်းတစ်ခုဖြစ်ပါတယ်။ တစ်ချို့ ART treatment ဆေးတွေဟာ စိတ်ပိုင်းဆိုင်ရာကိုထိခိုက်စေတဲ့ ဘေးထွက်ဆိုးကျိုးဖြစ်စေနိုင်ပါတယ်။

တကယ်လို့ မိမိမှာစိတ်ရောဂါအခြေခံရှိတယ်ဆိုရင် ဒီ ART treatmentဆေးတွေသောက်ခြင်းဖြင့် ရောဂါလက္ခဏာပိုဆိုးလာစေနိုင်ပါတယ်။

ပြီးတော့ တစ်ချို့ARTဆေးတွေက စိတ်ရောဂါဆေးတွေနဲ့အနှောက်အရှက်ဖြစ်စေတတ်ပါတယ်။

ဒါကြောင့် ဆရာဝန်နဲ့တွေ့တဲ့အချိန်မှာကိုယ်သောက်နေတဲ့ ဆေးတွေရှိရင်ပြောပြရပါမယ်။ ဖြစ်နိုင်တဲ့ ဆေးအနှောက်အရှက်ပတ်သက်မှုတွေကိုလည်းမေးပါ။

HIVကုသမှုခံယူနေတုံး ဘေးထွက်ဆိုးကျိုးအာနိသင်တွေ၊ စိတ်ဓာတ်ကျမှုတွေခံစားနေရတာရှိနေရင်လဲ ဆွေးနွေးပါ။ ပြီးတော့ ပေးထားတဲ့ဆေးတွေကို ဆရာဝန်နဲ့မဆွေးနွေးပဲ ရပ်တန့်မပြစ်ပါနဲ့။

စိတ်ဓာတ်ကျခြင်းအတွက်ကုသမှု

စိတ်ဓာတ်ကျရောဂါကိုကုသဖို့ဆိုရင် ကျန်းမာရေးအလုပ်သမားတစ်ဦးက အောက်က ဆေးနည်းလမ်းတွေကိုပြုလုပ်ဖို့ ပြောပါလိမ့်မယ်။

  • စကားဆွေးနွေးကုသခြင်း
  • ဆေးဝါးနဲ့ကုသခြင်း
  • နေထိုင်မှုပုံစံပြောင်းလဲခြင်း

စိတ်ဓာတ်ကျရောဂါပျောက်ဆေးအမျိုးအစားအချို့ကတော့:

  • selective serotonin reuptake inhibitors (SSRIs), အမျိုးအစားထဲကတော့ fluoxetine (Prozac), paroxetine (Paxil), sertraline (Zoloft), citalopram (Celexa) တို့ဖြစ်ပါတယ်။
  • နောက်တစ်မျိုးကတော့ ဆေးလိပ်သောက်တာဖြတ်ချင်သူများမှာလည်းအသုံးပြုတဲ့ bupropion(Wellbutrin)
  • tricyclic antidepressants (TCAs) အမျိုးအစားဖြစ်တဲ့ imipramine(Tofranil)

အမျိုးသားစိတ်ကျန်းမာရေးဌာန အရ (National Institute of Mental Health) စိတ်ဓာတ်ကျရောဂါကုသမှုဆေးဝါးများကို အာနိသင်ဖြစ်စေဖို့ ၂ပတ်မှ၄ပတ်အထိကြာနိုင်ပါတယ်။

ဒါကြောင့်ကျန်းမာရေးအလုပ်သမားတစ်ယောက်ကသင့်ကိုအောက်ပါလက္ခဏာတွေအတွက်စောင့်ကြည့်ရမှာပါ။

  • စိတ်အနေအထားပြောင်းလဲမှုများ
  • ဘေးထွက်ဆိုးကျိုးများ
  • ARTဆေးဝါးတွေနဲ့ဆက်နွယ်ပတ်သက်မှုများ

နေထိုင်မှုပုံစံပြောင်းလဲဖို့လိုအပ်ရင်လဲလုပ်ဖို့တိုက်တွန်းပါလိမ့်မယ်။

ဥပမာအားဖြင့် လေ့ကျင့်ခန်းမှန်မှန်လုပ်ပြိး စိတ်ဖိအားမှုတွေကိုလျော့ချစေနိုင်ပါတယ်။ အခုမှလေ့ကျင့်ခန်း စလုပ်မယ်ဆိုရင်တော့ ကျန်းမာရေးဝန်ထန်းတစ်ယောက်နဲ့အရင်ဆွေးနွေးလို်က်တာကတော့အကောင်းဆုံးပါပဲ။

တကယ်လို့ဆေးဝါးနဲ့ကုသခြင်း၊ စကားဆွေးနွေးကုသခြင်း၊ နေထိုင်မှုပုံစံပြောင်းလဲခြင်း တို့လုပ်ပြီးတော့ ခံစားနေရတဲ့စိတ်ဓာတ်ကျမှုတွေ သက်သာမလာဘူးဆိုရင်တော့ Electroconvulsive therapy(ECT)ဒါမှမဟုတ် တစ်ခြားဦးနှောက်ကိုလှုံ့ဆော်ပေးတဲ့ကုသမှုတွေနဲ့လုပ်ကောင်းလုပ်ရပါလိမ့်မယ်။

အားခိုနှစ်သိမ့်ဖွယ်ရာရှာခြင်း

စိတ်ဓာတ်ကျရောဂါကုသမှုများကြောင့် ကျန်းမာရေးပိုကောင်းလာမှာပါ။

ဒီလို့ကောင်းဖို့အတွက် သင့်မှန်တဲ့ကုသမှုကိုညွှန်ကြားဖို့ psychologist နဲ့ psychiatrist ဆိုတဲ့စိတ်ကျန်းမာရေးအထူးကုတွေနဲ့ဆွေးနွေးရပါမယ်။ psychologist ဆိုတာကတော့ စကားနဲ့ဆွေးနွေးကုသပေးတဲ့ဆရာဝန်ပါ။ psychiatrist ကတော့ ဆေးဝါးနဲ့ကုသပေးတဲ့ဆရာဝန်ဖြစ်ပါတယ်။

ဆွေမျိုး သူငယ်ချင်းတွေရဲ့ဖေးမမှုဟာလည်း စိတ်ကျန်းမာရေးတိုက်ဖျတ်ရေးမှာအထောက်အကူအများကြီးဖြစ်ပါတယ်။ ဒါကြောင့် ယုံကြည်ရင်းနှီးရသူတွေနဲ့အဆက်အသွယ်လုပ်ပါ။ ဖြတ်သန်းနေရတဲ့ အခက်အခဲများကိုသူတို့နဲ့ဆွေးနွေးပါ။

ပြောချင်တာကတော့

စိတ်ကျရောဂါဟာ HIV လူနာတွေ အတွက် အဖြစ်များဆုံး စိတ်ရောဂါတွေထဲက တစ်ခုဖြစ်ပါတယ်။ အချိန်ပြည့် ပူးဆွေးခြင်း၊ အားအင်ကုန်ခမ်းခြင်း နဲ့ လုပ်နေကျ အလုပ်တွေ မှာ စ်တ်ဝင်စားမှု​လျော့ကျလာခြင်းတွေဟာ အဖြစ်များတဲ့ရောဂါ လက္ခာဏာ တွေဖြစ်ပါတယ်။

အကယ်ရျ် သင်ဟာ စိတ်ကျရောဂါ သို့ စိတ်ရောဂါတစ်ခုခု ခံစားနေရပြီဆိုရင် ကျန်းမာရေး စောင့်ရှောက်သူတွေကို အသိပေးသင့်ပါတယ်။ သူတို့မှ တစ်ဆင့် သင့်ကို သင့်တော် တဲ့ ကုသမှု သိူ့ ပိုမိုကောင်းမွန်တဲ့ ကုသမှုအတွက် စိတ်ရောဂါ အထူးကုတွေဆီကို ညွှန်းပေးနိုင်ပါတယ်။

ကိုယ့်ရဲ့ ဆရာဝန်ကို လက်ရှိ ကုသနေမှုနဲ့ ဆေးဝါးတွေကို ပြောပြဖို့လည်း အရေးကြီးပါတယ်။ တချို့သော စိတ်ကျ ရောဂါ တွန်းလှန်တဲ့ ဆေးတွေနဲ့ HIV ကုသမှု ဆေးတွေဟာ မတည့်တာတွေရှိနိုင်ပါတယ်။ အဲ့ဒါကြောင့် ကိုယ့်ရဲ့ ဆရာဝန်ဟာ ကိုယ်နဲ့ သင့်တော်မယ့် ကုသမှု တွေနဲ့ စောင့်ရှောက်ပေးနိုင်မှာဖြစ်ပါတယ်။

Same Author

Get The Latest Updates

Subscribe To Our Newsletter

No spam, notifications only about new articles.