top view of key in padlock on yellow background

လိင်တူဆက်ဆံခြင်းရဲ့ လွဲမှားနေတဲ့ အကြီးဆုံးအယူအဆက? လိုးရတာကအဓိကဆိုတာပဲ။

Written by:

asiadotgay

asiadotgay

asia.gay is your reference to travel, lifestyle, sex, relationships, health, culture and communities across Asia, in multiple languages.

Share:

Share on facebook
Share on twitter
Share on whatsapp
Share on linkedin
Share on telegram

ADVERTISMENT

ကျွန်တော်တို့ယောကျာ်းသားအားလုံးဟာ လိုးရတာကိုတော်တော်စိတ်အားထက်သန်တတ်ကျပါတယ်။ အပြာကားတွေအရဆိုရင်တော့ ယောကျာ်းနှစ်ယောက်လုပ်ကျပြီဆိုရင်အနောက်လိုးအနောက်ခံလုပ်ရတာက နောက်ဆုံးပန်းတိုင်ပေါ့နော်။

အဲ့ဒါနဲ့ အနောက်လိုးအနောက်ခံတာက ကျွန်တော်တို့ယောကျာ်းလေးလိင်တူချစ်သူတွေအတွက် ကိုယ်စားပြုသလိုဖြစ်လာပါတယ်။ ဒါပေမဲ့ အနောက်လိုးအနောက်ခံလုပ်တာက လူတစ်ယောက်ရဲ့ လိင်ပိုင်းဆိုင်ရာတိမ်းညွတ်မှု(sexual orientation)နဲ့တင်မဆိုင်ပါဘူး။ ပြောရရင် ကျွန်တော်တို့အတွက် အနောက်လိုးအနောက်ခံမလုပ်ပဲ တစ်ခြားနည်းလမ်းနဲ့လုပ်လို့ရတာတွေရှိပါတယ်။

အနောက်လိုးအနောက်ခံ လုပ်ရတာကိုလူတိုင်းမကြိုက်နှစ်သက်ကြပါဘူး။

ဘာလို့လဲဆိုတော့လိင်ဆက်ဆံတဲ့အခါမှာ လူတိုင်းပုံစံတစ်မျိုးထဲဆိုပြီးမရှိပါဘူး။ တစ်ချို့သောသူတွေအနောက်လိုးအနောက်ခံလုပ်ရတာကိုသိပ်ပြီးမနှစ်မြို့တာ၊ အဆင်မပြေတာတွေရှိတတ်ပါတယ်။ ဒါကတော့ နည်းနည်းအတွေ့အကြုံရှိပြီးသားသူတိုင်း သိပြီးသားဖြစ်ပေမဲ့ လူတိုင်းသိစေသင့်လို့ထည့်ပြောလိုက်တာပါ။ ပြီးတော့ အနောက်လိုးအနောက်ခံ အဆင်မပြေတာကလည်း ကိုယ် partner ရွေးတဲ့အခါ အရေးကြီးဆုံးအပိုင်းဖြစ်နေစရာမလိုပါဘူး။ စာဖတ်သူတို့အရသာတစ်မျိုးထဲကိုပဲ ကန့်သတ်ပြီးသုံးဆောင်မယ်ဆိုရင် တစ်ခြားခံတွင်းကြစရာ အရာသာတွေကို လက်လွှတ်ရမလိုဖြစ်သွားမှာပေါ့။

အနောက်လိုးအနောက်ခံလုပ်ဖို့ ပြင်ဆင်ရတာကလည်း တစ်ခါတစ်လေအချိန်ကောင်းဆိုတော်တော် ပြသာနာပေးတတ်ပါတယ်။

မပြင်ဆင်ပဲတစ်ခါတစ်လေ ကျတော့လည်း ကံတရားနဲ့လက်တန်းစမ်းခဲ့ရတဲ့အချိန်တွေလည်းရှိခဲ့တာပေါ့နော်။ တစ်ကယ်တော့ အနောက်လိုးအနောက်ခံလုပ်တာဟာ အပေါက်ထဲအချောင်းထဲ့ဆိုပေမဲ့ပြောသလောက်မလွယ်လှပါဘူး။ ကိစ္စမစခင် ခန္တကိုယ်ထဲကဇာတ်လမ်းကိုအရင်ရှင်းရ၊ ကိစ္စစတော့လည်းအချိန်ပေးပြီးအတိုးအလျော့လုပ်ရတာ အချိန်ယူရလှပါတယ်။

အဲ့ဒါကြောင့်လဲ၂၀၁၁ လေ့လာချက်တစ်ခုမှာပါဝင်ခဲ့တဲ့ လူပေါင်း ၂၅၀၀၀ ထဲက ၄၀%သာလျင် သူတို့ရဲ့နောက်ဆုံး sex partnerနဲ့ အနောက်လိုးအနောက်ခံလုပ်ခဲ့ကြောင်း Journal of Sexual Medicine မှာဖော်ပြသွားပါတယ်။ တစ်ကယ်တော့ အနောက်လိုးအနောက်ခံက လူတိုင်းထင်သလောက် ဘယ်သူမှမလုပ်ကြပါဘူး။

ဒါကြောင့်လိင်တူဆက်ဆံတာဟာ ဒီတစ်ခုထဲကိုပဲရည်စူးပြီးပြောလို့မရပါဘူး။

ကျွန်တော်က အနောက်လိုးအနောက်ခံကမကောင်းလိုက်တာလို့ အနောက်ပိတ်ပြီးငြင်းနေတာလို့တော့ စာဖတ်သူတို့မထင်လိုက်ပါနဲ့နော်။ လိင်တူဆက်ဆံရာမှာ ဖြစ်ပေါ်နေတဲ့ အထင်အမှားတွေကိုကျွန်တော်ကဖြေရှင်းပေးရုံသပ်သပ်ပါ။ ကျွန်တော်တို့တွေ လိင်တူချစ်သူဖြစ်ရတဲ့ဘဝဟာ ဒီလိုကိုယ့်community ထဲကမျိုးတူအခြင်းခြင်း ရဲ့ဖိအားတွေမရှိရင်တောင် သာမန်နဲ့တင်အတော်အတန်ခက်ခဲလှနေပါပြီ။

ဒါကြောင့် တစ်ခြားသူတွေရဲ့expectationဖိအားတွေနဲ့ အချိန်ကုန်ခေါင်းစားနေမဲ့အစား ကိုယ်ခန္တာကိုယ့်လိုအပ်ချက်တွေကိုသာရဲရဲကြီး နားထောင်ရှေ့တန်းတင်လိုက်ပါ။ ဘာကြောင့်လဲဆိုတော့ လိင်တူချစ်သူတစ်ယောက်ဖြစ်တယ်ဆိုရင် ကန့်သပ်ပုံသေနည်းမရှိလုပ်စရာတစ်ခုကတော့ လိင်ဆက်ဆံတာပဲဖြစ်ပါတယ်။

ကဲ ဒါကြောင့် ပွင့်ပွင့်လင်းလင်းယုံကြည်မှုရှိရှိ အတောင်ပံတွေဖွင့်ပြီး အချစ်ရဲ့အရသာကို ခံစားလိုက်ပါ စာဖတ်သူတို့ရေ။

Alim Keraj.

This article, which first appeared on GQ.com, has been edited for length and clarity..

Same Author

Get The Latest Updates

Subscribe To Our Newsletter

No spam, notifications only about new articles.