A person marked red among other people. Exceptional individual that could cause danger concept. 3D rendering

Written by:

Dr Tan Kok Kuan

Dr Tan Kok Kuan

Dr Tan is a medical doctor in private practice focusing on men's health, and a contributing author of the Singapore HIV PrEP prescribing guidelines and the Blueprint to end AIDS and HIV transmission in Singapore by 2030. Read more of his articles at http://drtanmenshealthblog.com.

Share:

Share on facebook
Share on twitter
Share on whatsapp
Share on linkedin
Share on telegram

ADVERTISMENT

Human Papillomavirusသို့ HPVလို့ခေါ်တဲ့ လိင်ကတစ်ဆင့်ကူးစက်ခံရတဲ့ဗိုင်းရ်စ်က ကင်ဆာနဲ့ ကြွက်နို့ရောဂါကို ကျားမမရွေးဖြစ်စေနိုင်ပါတယ်။ HPV က အမည်ဆင်တဲ့HIV(Human Immunodeficiency Virus) နဲ့ HSV(Herpes Simplex Virus) တို့လို လိင်ကတစ်ဆင့်ကူးစက်ခံရတဲ့ရောဂါတစ်မျိုးဖြစ်ပေမဲ့ လူတွေသိပ်ပြီးမသိဂရုမစိုက်ခံရတဲ့ရောဂါပါ။ ဒါကြောင့် HPVအကြောင်းကိုလေ့လာလိုက်ကြရအောင်။

HPV က STDအမျိုးအစားတစ်ခုလား? ဟုတ်ပါတယ်။ HPVက STD(လိင်ကနေကူးစက်ခံရတဲ့ရောဂါ) တစ်ခုဖြစ်ပါတယ်။

HPV က subtype အမျိုးအစား ၂၀၀ ကျော်ရှိတဲ့ DNAဗိုင်းရ်စ်တစ်မျိုးဖြစ်ပါတယ်။ ဒီHPV virusဟာ လူတစ်ဦးနဲ့တစ်ဦးထိတွေ့ရာကနေကူးစက်နိုင်တဲ့ရောဂါဖြစ်ပြီး လိင်ဆက်ဆံတာကနေကူးစက်မှုအများဆုံးဖြစ်တာကြောင့် လိင်ကတစ်ဆင့်ကူးစက်နိုင်တဲ့ရောဂါအဖြစ်သတ်မှတ်ထားတာပါ။

လေ့လာချက်များအရ လိင်ဆက်ဆံတဲ့ partnerများလေလေဒီ HPVကူးစက်နိုင်ခြေ များလေလေလို့သိရှိရပါတယ်။ ဒါပေမဲ့ HPV virus ဟာအရမ်းအများအပြားရှိနေတာကြောင့် လိင်ဆက်ဆံမှုတစ်ချိန်ထဲပဲရှိခဲ့ရင်တောင် ကူးစက်နိုင်မှုriskရှိတာကြောင့် အချိန်မှီ ဆေးစစ်ကာကွယ်ဆေးထိုးခြင်းကိုလူတိုင်းပြုလုပ်သင့်တာပေါ့။

ကြွက်နို့နဲ့ ကင်ဆာရောဂါဖြစ်စေနိုင်ပါသလား? ကင်ဆာရော ကြွက်နို့ရောဖြစ်စေနိုင်ပါတယ်။

ဒီ HPV virus ရဲ့ subtype အမျိုးအစားတွေများတာကြောင့် ခန္တာကိုယ်ကိုထိခိုက်မှုတွေလည်း များပြားလှပါတယ်။

ကြွက်နို့ပေါက်စေတဲ့ subtype နဲ့တွေ့တယ်ဆိုရင်တော့ ထိတွေ့မိတဲ့အသားအရည်ဘယ်နေရာမဆို ကြွက်နို့ပေါက်မှုတွေဖြစ်စေနိုင်ပါတယ်။ ပေါက်လာတဲ့ကြွက်နို့ကတော့ အပြားပုံစံ(သို့) papulesလို့ခေါ်တဲ့ အရည်ကြည်ဖုလေးတွေတစ်ခုကစပြီးအပြုံလိုက်အထိ အချိန်ကြာလာတဲ့နဲ့အမျှ ပြန့်ပွားပေါက်လာတတ်ပါတယ်။ ဒါကြောင့် ကြွက်နို့တွေကို ပန်းဂေါ်ဖီနဲ့တူတယ်လို့ပြောတတ်ကြပါတယ်။ ကြွက်နို့အပေါက်များတဲ့နေရာတွေကတော့ အထူးသဖြင့်လိင်အင်္ဂါနဲ့ စအိုဝန်းကျင်ပဲဖြစ်ပါတယ်။ ပြီးတော့ မိမိဟာ ခုခံအားလျော့နည်းနေတယ်ဆိုရင်လည်း ကြွက်နို့တွေပိုပြီးတော့ပြင်းထန်အောင်ပေါက်စေနိုင်ပါတယ်။ ဥပမာ ဆေးလိပ်သောက်တာ၊ ဆီးချိုရောဂါနဲ့ HIV ရောဂါဝေဒနာရှိတဲ့သူများပါပဲ။

ဒါ့အပြင် HPVရောဂါဟာ သားအိမ်ခေါင်းကင်ဆာ၊ စအိုကင်ဆာ၊ လိင်တန်ကင်ဆာ စသဖြင့် ကင်ဆာအမျိုးစုံကိုလည်းဖြစ်စေနိုင်ပါတယ်။

ဒါဆို HPV ကြွက်နို့ကိုဘယ်လိုကုသလို့ရမလဲ?

ကြွက်နို့တွေကို လိမ်းဆေး၊ စက်နှင့်ခဲခြင်း၊ လေဆာနဲ့ပစ်ခြင်းတို့ဖြင့် လွယ်ကူစွာဖယ်ရှားနိုင်ပါတယ်။ ဒါကတော့ဒီကြွက်နို့ဖြစ်နေတဲ့ အသားနေရာကို ဖယ်ရှားလိုက်ခြင်းအားဖြင့် virusကိုသတ်လိုက်တဲ့သဘောပါ။ တစ်ချို့ခက်ခဲတဲ့ ကြွက်နို့တွေဆိုရင်တော့ treatmentအကြိမ်တစ်ခါမကလုပ်ပေးရပါတယ်။

ဒီကြွက်နို့တွေကို ဖယ်ပြီးရင်လည်းထပ်ပြီးမဖြစ်အောက်ဂရုစိုက်ဖို့လိုအပ်ပါတယ်။ ကုရတာထက် မဖြစ်အောင်ကာကွယ်ဖို့ကပိုကောင်းတာမဟုတ်လား။ ဒါကြောင့် HPVရောဂါဖြစ်ပြီးရင်လည်း ကုသမှုပြီးသွားရင် တစ်ခါထဲ HPVကာကွယ်ဆေးထိုးလိုက်တာအကောင်းဆုံးပါ။

HPV က ကင်ဆာကိုဘယ်လိုဖြစ်စေနိုင်တာလဲ?

ဒီHPV virusဟာကူးစပ်ခံထားရတဲ့ နေရာမှာပြန့်ပွားတဲ့အချိန်မှာ အဲ့ဒီ့နေရာက cellsတွေကိုအသုံးချပြီးတော့ပြန့်ပွားစေပါတယ်။ ဒီလိုအသုံးချခံရမှုကြောင့် cellsတွေဟာဇီဝပျက်ဆီးမှုတွေဖြစ်ပြီး သူတို့ရဲ့သာမန်ပြုပြင်စွမ်းအင်တွေကို ပျက်ဆီးစေတာပေါ့။

ဒါကြောင့် အရင်ကလို ပုံမှန်ကျန်းမာတဲ့ cellsအသစ်တွေကို ထုတ်လုပ်နိုင်စွမ်းမရှိတော့ပဲ dysplasia လို့ခေါ်တဲ့ ကင်ဆာ ဖြစ်နိုင်တဲ့ cells တွေကိုထုတ်လုပ်စေနိုင်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ ဒီHPVကြောင့်ရောဂါဖြစ်နေတဲ့နေရာက cellsတွေဟာပျက်စီးမှုတွေအရမ်းများလာပြီး ကင်ဆာcellsတွေဖြစ်သွားပါတယ်။

HPVကြောင့်ဖြစ်တတ်တဲ့ ကင်ဆာရောဂါတွေကို ဘယ်လိုကာကွယ်လို့ရမလဲ?

ပုံမှန်ဆေးစစ်ခြင်း(screening)လုပ်တာ ပြီးတော့ကာကွယ်ဆေးထိုးတာတွေလုပ်ခြင်းအားဖြင့် HPVကူးစပ်မှုနဲ့ နောက်စက် ကင်ဆာနဲ့ကြွက်နို့ဖြစ်တာတွေကို လျော့နည်းစေပါတယ်။ ပုံမှန် screeningလုပ်ပေးခြင်းအားဖြင့် ကင်ဆာမဖြစ်ခင်cellsတွေကိုအချိန်မီတွေ့ရှိကုသနိုင်တာပေါ့။ များသောအားဖြင့်ကတော့ ကျွန်တော်တို့ခန္တာကိုယ်တွေကအလိုလိုပြန်ကောင်းအောင် ကုသပေးနိုင်တာမို့ ဆရာဝန်ကြည့်ရှုအကြံပေးယုံနဲ့လုံလောက်ပါတယ်။

screeningလုပ်တဲ့အချိန်မှာ cellsတွေကတော်တော်ပျက်ဆီးနေပြီဆိုရင်တော့ ကင်ဆာရောဂါမဖြစ်စေရအောင် ဆရာဝန်ကဖယ်ရှားမှုလုပ်နိုင်ပါတယ်။

ကာကွယ်ဆေးထိုးတာကတော့ HPV subtype အမျိုးအစားအများအပြားကိုကာကွယ်တဲ့ antibodiesပေးတာမို့ ဒီHPVvirusကိုခန္တာကိုယ်ထဲမှာမရှိအောင်ကူညီပေးပါတယ်။ တစ်ခြား HPV subtypeတွေမဖြစ်အောင်လည်းကာကွယ်မှုပေးပြီး ကြွက်နို့ထပ်ပြီးတော့ဖြစ်နိုင်မှုကိုလည်း လျော့ကျစေပါတယ်။ HPV စစ်ရာမှာတော့ ရောဂါဖြစ်နေတဲ့နေရာကို swab test လုပ်ပြီးတော့စစ်ဆေးပါတယ်။ bottom လုပ်တဲ့ ကိုကိုတို့အတွက်ဆို စအိုswabဖြစ်ပြီး top နဲ့ hetero ကိုကိုတို့အတွက်ဆိုရင်တော့ လိင်တန်ကို swabလုပ်ယူပါတယ်။

HPV ကာကွယ်ဆေးထိုးသင့်ပါသလား? ဒါပေါ့! အရမ်းကိုထိုးသင့်ပါတယ်။

ယခုလက်ရှိ HPV ကာကွယ်ဆေးကတော့ Gardasil 9 လို့ခေါ်ပြီး အသက် ၉နှစ်ကနေ ၄၅နှစ်ကြား အမျိုးသားများအတွက် သင့်တော်ပါတယ်။ ဒီကာကွယ်ဆေးဟာ HPVအမျိုးအစား ၉မျိုးကိုကာကွယ်မှုပေးပြီး တစ်ခြား HPVအမျိုးအစားတွေကိုလည်း သွယ်ဝိုက်ပြီးတော့ အနည်းငယ် ကာကွယ်မှုပေးပါတယ်။ ဒါကြောင့် ကြွက်နို့နဲ့ကင်ဆာရောဂါဖြစ်နှုန်းလျော့ကျစေတဲ့ HPV ကာကွယ်ဆေးထိုးပြီး ကျွန်တော်တိုရော ကျွန်တော်တို့ရဲ့partnerတွေကိုရောပါ ကာကွယ်လိုက်ကြရအောင်။