Written by:

Dr Tan Kok Kuan

Dr Tan Kok Kuan

Dr Tan is a medical doctor in private practice focusing on men's health, and a contributing author of the Singapore HIV PrEP prescribing guidelines and the Blueprint to end AIDS and HIV transmission in Singapore by 2030. Read more of his articles at http://drtanmenshealthblog.com.

Share:

Share on facebook
Share on twitter
Share on whatsapp
Share on linkedin
Share on telegram

ADVERTISMENT

Herpes (သို့) Herpes Simples Virus (HSV) လို့ခေါ်တဲ့ ရေယုန်ရောဂါကတော့ ကမ္ဘာပေါ်မှာ ကူးစပ်မှုအများဆုံးရှိနေတဲ့ လိင်ကတစ်ဆင့်ကူးစပ်တဲ့ရောဂါတစ်မျိုးပါပဲ။ ဘယ်လောက်တောင်ပေါများလဲဆိုရင် ကမ္ဘာ့လူဦးရေရဲ့ ၃၀%နီးပါးရှိတဲ့လို့တစ်ချို့လေ့လာချက်တွေအရသိရှိရပါတယ်။ ဒါကြောင့် စာဖတ်သူတို့ဗဟုသုတအတွက် ကျွန်တော်ရှင်းပြပါရစေ။

Herpesရောဂါဆိုတာဘာလည်း?

Herpes ဆိုတာ အရမ်းကူးစပ်မှုလွယ်ကူတဲ့ virusတစ်မျိုးပါပဲ။ Herpesဟာ အသားအရေပေါ်မှာ အရည်ကြည်ဖု၊အနာဖုတွေပေါက်စေပြီး အဲ့ဒီ့ အနာတွေနဲ့ထိတွေမိယုံနဲ့ ရောဂါပိုးကူးစပ်စေပါတယ်။ တစ်ခါတစ်ရံဆို Herpes virus ရှိနေသူတစ်ဦးဟာ ရောဂါလက္ခဏာမပြပဲနဲလည်း သာမန်အရေပြားကနေတစ်ဆင့်ကူးစ ပ်မှုပြုလုပ်နိုင်ပါတယ်။ ဒါကြောင့် ဒီ Herpes virus ဟာ နည်းရှတ်တာ၊ လိင်ဆက်ဆံတာကနေတစ်ဆင့်လွယ်ကူစွာကူးစပ်နိုင်တာကြောင့် ကမ္ဘာ့အပေါများဆုံးရောဂါတစ်ခုဖြစ်နေတာဖြစ်ပါတယ်။

ဒီ Herpes virusကလူခန္တာကိုယ်ထဲကိုရောက်ရှိသွားပြီဆိုရင် ခန္တာကိုယ်ရဲ့ nerve တွေထဲမှာပုန်းအောင်းနေပြီး ဘယ်တော့မှပယ်ပျောက်အောင် လုပ်လို့မရတော့ပါဘူး။ ဒါပေမဲ့ဒီလိုခန္တာကိုယ်ထဲမှာပုန်းအောင်းနေသော်လည်း တစ်ရံတစ်ခါ အဖုအနာတွေပေါက်စေတာကလွဲလို့ ကျန်တဲ့ရောဂါဆိုးကျိုးမဖြစ်စေပါဘူး။ ပြီးတော့ ရောဂါလက္ခဏာတွေဟာလည်း ကုသမှုယူယူမယူယူပျောက်ကင်းနိုင်ပါတယ်။

Herpes (ရေယုန်) ရောဂါလက္ခဏာတွေကဘာလည်း?

Herpesရောဂါဟာ အဆင့် ၂ခုအတွင်းပြောင်းလဲမှုဖြစ်ပါတယ်။ Phase (1) မှာတော့ flare phase လို့ခေါ်တဲ့ အရည်ကြည်ဖုအနာတွေ ပေါက်တဲ့အဆင့်ပဲဖြစ်ပါတယ်။ Phase (2) မှာတော့ latent phase လို့ခေါ်တဲ့ ရောဂါလက္ခဏာတွေမရှိပဲ ပုန်းအောင်းနေတဲ့အဆင့်ပဲဖြစ်ပါတယ်။

Acute Phase (ရောဂါပြ)

ဒီ acute သို့ flare phase မှာ Herpes virusတွေနဲ့ပြည့်နေတဲ့အရည်ကြည်ဖုတွေပေါက်စေပါတယ်။ ဒီထွက်လာတဲ့အရည်ကြည်ဖုလေးတွေ ဟာရောင်ကိုင်းလွန်းလို့အနီသန်းနေတဲ့အတွက် ကဗျာဆန်ဆန် “နှင်းဆီပွင့်လွှာပေါ်ကနှင်းရည်များ” လို့တောင်ခေါ်ကြပါတယ်။

ဒီအဖုလေးတွေအပေါက်များဆုံးနေရာကတော့ ပါးစပ်နဲ့ လိင်အင်္ဂါ နေရာတွေပဲဖြစ်ပါတယ်။ ဆေးကုသမှုမယူဘူးဆိုရင်တောင် ဒီအရည်ကြည်ဖုလေးတွေဟာ ၃ပတ်နဲ့၄ပတ်ကြားမှာ သု့ဘာသာသူခြောက်ပြီးပျောက်သွားနိင်ပါတယ်။ ဒါပေမဲ့ ဒီအချိန်ဟာ ရောဂါကူးစပ်နိုင်မှုအမြင့်ဆုံးဖြစ်နေတဲ့အချိန်ပဲဖြစ်ပါတယ်။ အရည်ကြည်ဖုလေးတွေပေါက်သွားတဲ့အချိန်မှာ အထဲက Herpes virus တွေထွက်သွားပြီးထိတွေ့မိတဲ့သူကိုရောဂါကူးစပ်စေပါတယ်။ အရည်ကြည်ဖုတွေပေါက်ကွဲပြီးတဲ့အချိန်မှာတော့ အဲ့ဒီ့နေရာဟာအရမ်းနာကျင်စေတဲ့ အနာတွေဖြစ်သွားပါတယ်။ ဒီအနာတွေကို တစ်ခြား bacteria တွေဝင်ရောက်နိုင်ပြီး ရောဂါကောင်းမွန်လာရေးကို ထိခိုက်စေပါတယ်။

ဒီအနာတွေခြောက်စဖြစ်လာတဲ့အချိန်မှာလည်း အနာပေါ်မှာ virusပိုးတွေရှိနေသေးတာမို့လို့ အထူးဂရုစိုက်ရန်လိုအပ်လှပါတယ်။ ဒါကြောင့် အနာတွေလုံးဝခြောက်ကပ်သွားတဲ့အချိန်မှသာ virus ပိုးတွေသေသွားမှာပါ။ ဒါပေမဲ့ အသားအရေက အရည်ကြည်ဖုမပေါက်ခင်အချိန် အခြေအနေကိုပြန်ရောက်သွားမှ acute phase ကို ကျော်လွန်သွားပြီလို့သတ်မှတ်လို့ရမှာပါ။ condom အကာသုံးတာဟာ protection အနည်းအငယ်ပေးသော်လဲပဲ အနာတွေအကုန်လုံးကို condom က ဖုံးချင်မှဖုံးမှာဖြစ်တဲ့အတွက် သင့်ရဲ့ partnerကို ကူးစပ်မှုဖြစ်နိုင်ပါသေးတယ်။

ဒါကြောင့်မို့ ကျွန့်တော့်patientsတွေကို အနာပေါက်နေတဲ့အချိန်မှာအမြဲပေးတဲ့အကြံကတော့

  • သေချာအထူးဂရုစိုက်ဖို့ပါဘဲ။
  • အနာတွေနဲ့ တစ်ပါးသူထိခိုက်မှုမရှိရအောင်
  • တပတ်၊မျက်နှာသုတ်ပဝါတွေ ရောမသုံးအောင်
  • လိင်ဆက်ဆံတာကို အနည်းဆုံး၃ပတ်ဒါမှမဟုတ် လုံးဝရောဂါပျောက်သွားတဲ့အထိမလုပ်ရန်ဖြစ်ပါတယ်။

Latent phase(ရောဂါပုန်းအောင်)

ဒီ chronic သို့ latent phase မှာတော့ Herpes Virus ဟာဘာမှမထိခိုက်စေပဲ ခန္တာကိုယ်ထဲပုန်းအောင်းနေတဲ့အချိန်ပဲဖြစ်ပါတယ်။ ဘာဆိုဘာရောဂါလက္ခဏာမှမရှိပါဘူး။ ရေကျောက်ကြီး(chickenpox)ပေါက်ပြီးတော့shingles (ရေကျောက်)ရုတ်တရပ်ထပ်ပေါက်တတ်သလို HSV ပိုး acute phase ကနေ latent phase ကိုဘယ်တော့ပြောင်းပလဲဆိုတာခန့်မှန်းလို့မရပါဘူး။

နှစ်ရှည်များစွာ latent phase မှာရှိတဲ့သူတွေရှိသလို ၁လ-၂လ အတွင်း acute phase ပြန်ဖြစ်နေတဲ့သူတွေလဲပဲရှိပါတယ်။ ဒါပေမဲ့သာမန်ဆိုရင်တော့အချိန်ကြာလာတာနဲ့အမျှ acute phase ဖြစ်မှုနှုန်းတွေကြာလာမှာပါ။ Herpes ဖြစ်ဖြစ်ခြင်း ပထမဆုံး ၁၂ လမှာတော့ flare phase ကြိမ်နှုန်းကတော့ ပျမ်းမျှအားဖြင့် ၁လ-၂လ တစ်ကြိမ်ဖြစ်တတ်ပါတယ်။ နောက် ၁၂လမှာတော့ ၃လ-၄လ တစ်ကြိမ်အဖြစ်လျော့ကြသွားပြီး patient ရဲ့ နောက်ဆုံး ပုံမှန်ဖြစ်သွားမဲ့အချိန်အထိဆက်လက်လျော့ကျသွားမှာဖြစ်ပါတယ်။ ယေဘူယျအားဖြင့်တော့ ၁နှစ်ကို တစ်ကြိမ်နှုန်းဖြစ်ပါတယ်။

ဒါပေမဲ့ ခုခံအားကျဆင်းလျော့နည်းစေတဲ့အခြေအနေတွေမှာဆိုရင်လည်း flare phase ကိုဖြစ်စေနိုင်ပါတယ်။ ဥပမာ သာမာန်ဖျားနေမကောင်းဖြစ်နေတဲ့အချိန် တွေမှာတောင်ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် immune system ကို ကျဆင်းစေတဲ့ steroids လိုဆေးတွေသောက်တာ အိပ်ရေးပျက်တဲ့ညတွေများတာ စသဖြင့်ပေါ့။

Herpes virus ရှိနေတဲ့သူဟာ latent phase ဖြစ်နေရင်တောင် ရောဂါကူးစက်စေနိုင်ပါတယ်။ ဒါကတော့ ရောဂါလက္ခဏာမပြပဲ ပိုးပြန့်ပွားစေခြင်း (asymptomatic viral shedding) ကြောင့်ပဲဖြစ်ပါတယ်။ ဒါကြောင့် လူတစ်ယောက်ဟာ Herpes virus ကိုရောဂါလက္ခဏာမပြပေမဲ့လည်း သူ့ရဲ့အရေပြားကနေ ဆက်လက်ပြီးတော့ပြန့်ပွားစေနိုင်တယ်လို့ပဲဖြစ်ပါတယ်။ ကံကောင်းတာကတော့ ဒီ latent phase မှာပြန့်တဲ့ virusဟာ flare phaseမှာပြန့်တဲ့virus ထက်ကူးစက်မှုလျော့နည်းပါတယ်။

ဒါဆို Herpesရောဂါကိုဘယ်လိုစစ်ဆေးလို့ရမလဲ?

HSV ကိုစစ်ဆေးဖို့ သွေးစစ်တာနဲ့ အနာဖုတွေကို swab test စစ်တာဆိုပြီးနည်းလမ်း ၂မျိုးရှိပါတယ်။

Herpes ကိုဘယ်လို ကုသလို့ရမလဲ?

Herpes ကိုလုံးဝအမြစ်ကုန်သွားအောင်ကုသလို့မရပါဘူး။ လူတစ်ယောက်ဟာကူးစက်ခံလိုက်ရပြီဆိုရင်တော့ ဒီvirusကိုတစ်သက်လုံးခန္တာကိုယ်ထဲမှာသယ်ဆောင်သွားမှာဖြစ်ပါတယ်။ ဒါပေမဲ့ Herpes ရှိတဲ့လူတိုင်းလဲကုသမှုလိုအပ်မှာမဟုတ်ပါဘူး။

တစ်သက်လုံး flare phase အကြိမ်အနည်းငယ်ပဲဖြစ်တဲ့သူရှိသလို ဖြစ်တဲ့ flare phase အရမ်းပျော့တာကြောင့် ရပ်အနည်းငယ်အတွင်းပြန်လည်ကောင်းမွန်သွားတဲ့သူတွေလည်းရှိပါတယ်။ ပြီးတော့ လူတော်တော်များများက flare phase မှာကုသမှာမယူကြပါဘူး။

ဒါပေမဲ့ လိုအပ်တယ်ဆိုရင်တော့ အထောက်အကူပြုတဲ့ anti-viral ဆေးပြား anti-viral လိမ်းဆေးတို့ရှိပါတယ်။ ကုသမှုမှာလည်း လိုအပ်ရင်ကုသမှာ(ad-hoc)နဲ့ *ရောဂါထိန်းရန်ကုသမှု(supressive) ဆိုပြီးရှိပါတယ်။ Suppressive treatment ကတော့ flare phase ကိုအကြိမ်အများကြီးမဖြစ်စေဖို့ ကုသမှုပဲဖြစ်ပါတယ်။

နောက်ဆုံးအနေနဲ့ကတော့

HSV ဟာအလွန်ပေါများတဲ့ ရောဂါဖြစ်ပြီး ခန္တာကိုယ်ထဲမှာ တစ်သက်လုံးရှိနေတဲ့ virus ပဲဖြစ်ပါတယ်။ တစ်ခါတစ်ရံ အရည်ကြည်ဖုလေးတွေပေါက်စေတာကလွဲလို့ တစ်ခြားရေရှည်ဘေးထွက်ဆိုးကြိုးတွေမရှိပါဘူး။ အရေးအကြီးဆုံးကတော့ ရောဂါဖြစ်လာရင် စစ်ဆေးမှုအမြန်ရယူပြီး ဘယ်လိုအကောင်းဆုံးထိန်းသိမ်းလို့ရမလဲဆိုတာကိုဆရာဝန်နဲ့ ဆွေးနွေးမှုရယူတာပဲဖြစ်ပါတယ်။