Conceptual composition, male hand holding a banana as gun, symbolically representing a caution about healthy diet, or it is better to hold a food than a gun, etc.

ခံတွင်းနဲ့လိင်ဆက်ဆံခြင်းဖြင့် HIVပိုးကူးစပ်နိုင်ပါသလား?

Written by:

Dr Tan Kok Kuan

Dr Tan Kok Kuan

Dr Tan is a medical doctor in private practice focusing on men's health, and a contributing author of the Singapore HIV PrEP prescribing guidelines and the Blueprint to end AIDS and HIV transmission in Singapore by 2030. Read more of his articles at http://drtanmenshealthblog.com.

Share:

Share on facebook
Share on twitter
Share on whatsapp
Share on linkedin
Share on telegram

ADVERTISMENT

HIVပိုးကိုoral sex(ခံတွင်းနဲ့လိင်ဆက်ဆံခြင်း)မှတစ်ဆင့်ကူးစပ်နိုင်သလားဆိုတာကိုလူတိုင်းသေချာအောင်သိချင်ကြမှာပါ။ ဒါပေမဲ့ HIVအကြောင်း၃၅နှစ်ကြာလေ့လာစုံစမ်းထားတဲ့ သုတေသနတွေရှိသော်လည်း တိကျတဲ့အဖြေကိုအခုထိရှာဖွေလို့မရရှိသေးပါဘူး။ ရှိတဲ့ ပညာရှိတွေ၊ website တွေအကုန်လုံးနီးပါးကတော့ “ကူးစပ်မှုအန္တရာယ်ကအရမ်းနည်းပေမဲ့ သုညတော့မဟုတ်ဘူးလို့” အမြဲတစ်သံထဲထွက်ပြီး oral sex လုပ်ရင် အကာအကွယ် condomတွေ dental dams(ခံတွင်းအကာ)တွေသုံးဆောင်သင့်ကြောင်းအမြဲမဆိုပြောပါလိမ့်မယ်။

ဒါဟာသင့်တော်တဲ့ အကြံပေးချက်ဖြစ်သော်လည်း ကျွန်တော်တို့ရှာဖွေနေတဲ့အဖြေမဟုတ်ပါဘူး။ ဒါကြောင့် ဒီဆောင်းပါးမှာ လေ့လာသိရှိထားတဲ့ အချက်အလက်တွေကိုကျွန်တော်တတ်နိုင်သလောက်တင်ပြသွားမှာပါ။

သီအိုရီ နဲ့ လက်တွေ့

oral sex ကနေ HIV ကူးစပ်နိုင်ကြောင်းအပေါ်မှာ စာပေါ်သီအိုရီတွေအများကြီးရှိပါတယ်။ လူတိုင်းကလည်း သီအိုရီအရဖြစ်နိုင်တယ်လို့ပဲပြောကြမှာပါ။ တစ်ချို့ expertတွေအဆိုအရoral sexကနေHIVကူးစပ်မှုက “ဇီဝဗေဒသဘောအရဖြစ်နိုင်တယ်လို့” ဆိုသလိုပေါ့။

ဒါကဘာလို့ဆိုသလည်းဆိုတော့: HIVပိုးဟာ သုတ်ရည်၊ မိန်းမအင်္ဂါအရည် တို့မှာတွေ့ရှိရလို့ပဲဖြစ်ပါတယ်။ ဒီသုတ်ရည်၊ မိန်းမအင်္ဂါအရည် တို့ဟာBuccal Mucosaလို့ခေါ်တဲ့ ခံတွင်းထဲကအာခေါင်နံရံ နဲ့ထိတွေ့မိတဲ့အခါ ကူးစပ်မှုကိုဖြစ်ပွားနိုင်ပါတယ်။ ဒါ့အပြင် ခံတွင်းထဲကအပူဖုတွေ၊ သွားဖုံးရောဂါတွေ၊ မကြာသေးမီကသွားဆေးခန်းပြထားတွေကလည်း risk ကိုပိုများစေကြောင်း သီအိုရီအရပြောနိုင်ပါတယ်။

တစ်ဖက်မှာလည်း oral sex ကြောင့် HIVမကူးနိုင်ဘူးလို့ဆိုတဲ့ သီအိုရီတွေလည်းအများအပြားရှိပါတယ်။ ဒီသီအိုရီတွေကတော့ တံတွေးထဲမှာပါတဲ့ anitbodies အာနိသင်တွေ၊ သားရည်ရဲ့low osmotic potentialလို့ခေါ်တဲ့ ဖျက်သန်းနိုင်မှုပျော့တဲ့ အရည်အချင်းတွေ၊ သွားရည်ထွက်မှုများတာကြောင့် ခံတွင်းထဲဝင်လာတဲ့အရည်တွေဟာအာခေါင်အတွင်းကြာရှည်အောင်မနေနိုင်တာ စသဖြင့် HIV ပိုးမကူးစပ်နိုင်ဘူးလို့ဆိုထားပါတယ်။

ကျွန်တော့်အမြင်အရဆိုရင်တော့ ဒီသီအိုရီတွေနဲ့ဆွေးနွေးတာဟာအချိန်ဘယ်လောက်ကုန်ကုန်အဖြေထွက်လာမယ်လို့မထင်ပါဘူး။ လက်တွေ့အချက်အလက်တွေကိုကြည့်တာက ပိုပြီးတော့မှန်ပါလိမ့်မယ်။

ဒါဆို နာမည်ကြီထူထောင်ထားတဲ့ကျန်းမာရေးဌာနတွေရဲ့အဆိုတွေကိုကြည့်လိုက်ရအောင်။

ASHM – “ကူးစပ်နှုန်းကိုခန့်မှန်းလို့မရပါဘူး – အရမ်းနည်း”
US CDC – “risk နည်းပါတယ်။”
BHIVA – “< ၁၀၀၀၀ မှာ ၁ ယောက်”
Alberta Health – “နည်းပါတယ် ဒါပေမဲ့ သုညမဟုတ် (၀.၀၁%)”
New York Health – “risk နည်း”. HIV ကူးစပ်မှုကိုသေချာတိကျ တဲ့ခန့်မှန်းချက်တွေမရှိပါဘူး။ အကယ်၍ သင်ဟာမိမိခံတွင်းထဲသုတ်ရည်အထွက်ခံရတယ်ဆိုရင် (receptive oral sex partner) အလုပ်ခွင်အပြင် PEP (non-occupational PEP) ကိုသုံးဖို့စဥ်းစားတာဟာသင့်တော်ပေမဲ့ oral sexကြောင့် HIV ကူးစပ်မှု risk နည်းပါးကြောင်းကိုအရင်ဆွေးနွေးရပါမယ်။

ဒီနောက်ဆုံးအချက်ကတော့စိတ်ဝင်စားစရာပါ။ oral sex ကနေHIVတစ်ကယ်ကူးစပ်ခဲ့တဲ့ case တွေကိုမှတ်တန်းရော်တစ်ကယ်ရှိရဲ့လား။

oral sex ကနေ​HIVကူးစပ်ခဲ့တဲ့အထောက်အထားများ။

အဲ့ဒါကြောင့် ကျွန်တော်ရှာပုံတော်ထွက်လိုက်ပါတယ်။ ၁၉၈၀ နဲ့ ၁၉၉၀ကြားမှာတော့် oral sex ကနေ HIVကူးစပ်ခဲ့တဲ့case တွေအနည်းငယ်ရှိခဲ့ပါတယ်။ အဲ့ဒီ့ caseတွေအကုန်လုံးကတော့ ရောဂါဖြစ်ခဲ့တဲ့လူနာတွေက oral sex ကလွဲပြီးတစ်ခြားဘယ်ပုံစံနဲ့မှလိင်ဆက်ဆံခြင်းမရှိပါဘူးဆိုတဲ့ ကိုယ်တိုင်ပြောကြားချက်အရကောက်နှုတ်ထားတာဖြစ်ပါတယ်။ ပြီးတော့ genetic confirmation စမ်းသပ်မှုတွေပြုလုပ်ခဲ့ခြင်းလည်းမရှိပါဘူး

ကျွန်တော်ထပ်ရှင်းပြပါမယ်။ HIVကူးစပ်မှာအတည်ပြုတဲ့အခါမှာ gold standardကတော့ ကူးစပ်မှုဖြစ်နိုင်ခဲ့တဲ့ အထိအခိုက် exposureသမိုင်းကိုရှာဖွေယုံသာမကပဲ ကူးစပ်ခံရသူရဲ့ HIVပိုးနဲ့ gene ဗီဇတစ်သားထဲကြတဲ့ နောက်လူတစ်ယောက်ကိုလည်းရှာဖွေပါတယ်။ ဒီနည်းကြောင့်အမျိုးသမီးအချင်းချင်းHIVကူးစပ်နိုင်ကြောင်းအတည်ပြုနိုင်ခဲ့တာဖြစ်ပါတယ်။

same sex sero-discordant အတွဲ(တစ်ယောက်က HIV postive တစ်ယောက်က HIV negative)case တစ်ခုမှာ HIV negative တစ်ယောက်ဟာ​နောက်ဆုံးHIVပိုးကူးစပ်ခံလိုက်ရပါတယ်။ ပြီးတော့ genetic confirmation testလုပ်လိုက်တဲ့အခါနှစ်ယောက်လုံးက HIV ပိုးဗီဇတူတူရှိနေတယ်လိုသိရှိလိုက်ရပါတယ်။

ဒါပေမဲ့ oral sex ကနေ HIVကူးစပ်မှုမှာတော့ အဲ့ဒီလို report မှတ်တန်းမရှိပါဘူး။

ပြီးတော့ ဒါတွေဟာ လူတစ်ဦးစီတွေရဲ့ case တွေကို ဆရာဝန်တွေက မှတ်တန်းယူထားတာဖြစ်ပါတယ်။ ဒါကြောင့် အာပေါ်မှတ်တန်းတွေဖြစ်ပြီး ယုံကြည်ရမှုသိပ်ပြီးမရှိပါဘူး။

ဒါဆို ဒီ့ထက်ကြီးတဲ့လေ့လာမှုstudy တွေရောမရှိဘူးလား?

အဲ့ဒါနဲ့ကျွန်တော်နောက်တစ်ခါရှာပုံတော်ထွက်လိုက်ပါတယ်။ ဒီတစ်ခါလည်းအရင်ကလို တိကျစွာverifyထားတဲ့ caseတွေရှာလို့မတွေ့ခဲ့ပါဘူး။ သင်္ချာနည်း နဲ့တွက်ယူထားတဲ့ စာပေါ် risk တွေပဲရှိပါတယ်။

၂၀၀၂ခုနှစ်မှာ oral sexပဲပြုလုပ်တဲ့sero-discordantလိင်ကွဲအတွဲ ၁၃၅ တွဲပါဝင်တဲ့ study အရဆို တစ်စုံတစ်ဦးမှ HIV ကူးစပ်မှုမရှိခဲ့ပါဘူး။ အဲ့ဒီ့studyမှာ HIV positive partner နဲ့ အကာအကွယ်မပါ oral sex အထိအခိုက်exposure ၁၉၀၀၀ရှိခဲ့တယ်လို့ခန့်မှန်းထားပါတယ်။

နောက်ထပ်၂၀၀၂ မှာပဲ လိင်တူအမျိုးသားstudy ဟာအမျိုးသား၂၃၉ ယောက် ပါဝင်ခဲ့ပြီး ၆လကြာ oral sex ကိုပဲပြူလုပ်ခဲ့ပါတယ်။ ပါဝင်ခဲ့တဲ့သူရဲ့ ၂၈%ဟာ HIVpostive partner ရှိခဲ့ပါတယ်။ အဲ့ဒီ့မှာလည်း HIV ကူးစပ်မှုလုံးဝမရှိခဲ့ပါဘူး။

ကျွန်တော်တို့တွေ့နေကြ ၀.၀၄%ဆိုတဲ့ နှုန်းကတော့ ယောကျာ်းချင်းချစ်သူတွေထဲမှာ receptive oral sex partner (ပါးစပ်နဲ့စုပ်ပေးတဲ့သူ)ရဲ့ HIVကူးစပ်နိုင်မှုပဲဖြစ်ပါတယ်။ ဒီnumberကတော့ ၁၉၉၉ ခုနှစ်က studyတစ်ခုကကောက်နှတ်ထားတာပဲဖြစ်ပါတယ်။

ဒီstudyက USက”riskများတဲ့ လိင်တူနဲ့ နှစ်ဖတ်ချွန် အမျိူးသားများ” ၂၁၈၉ယောက်ကို ၁၉၉၂ ကနေ ၁၉၉၄ခုနှစ်အတွင်းလေ့လာထားတာပဲဖြစ်ပါတယ်။ ဒီ studyထဲမှာတော့HIVကူးစပ်မှု ၆၀ရှိခဲ့ပါတယ်။ အဲ့ဒီ ၆၀ case ကိုသင်္ချာ နည်းနဲ့တွက်လိုက်တဲ့အခါ receptive oral sex partner အတွက် HIV positive သို့ HIV statusမသိတဲ့ သူနဲ့ဆက်ဆံတဲ့အခါ ဖြစ်နိုင်တဲ့ risk ၀.၀၄%ကိုရတာပဲဖြစ်ပါတယ်။ ဒီမှာလည်း oral sexကနေ HIV ကူးစပ်မှုသက်သေအထောက်အထားပြုcaseမရှိပါဘူး။ သင်္ချာ modelနဲ့ တွက်ယူထားတဲ့ riskပဲဖြစ်ပါတယ်။

၂၀၁၄ခုနှစ်မှာ ထုတ်ပြန်ထားတဲ့ AIDS ဂျာနယ်ရဲ့ systemic review တစ်ခုမှာလည်း per-act risk လို့ခေါ်တဲ့ တစ်ခါလုပ်တိုင်းHIV ဖြစ်နိုင်တဲ့နှုန်းကို oral sex က riskအပါအဝင်ဖော်ပြထားပါတယ်။ ခုနကကျွန်တော်အပေါ်မှာ ပြောသွားတဲ့ ၀.၀၄% risk အကြောင်းကိုလည်းအဲ့ဒီမှာရေးထားပါတယ်။

တစ်ခြားချပြထားတဲ့ အကြောင်းအရာတွေကတော့:

  1. အမေရိကန်နိုင်ငံကလည်း Center of Disease Control ကတော့ ဒီ oral sex ကရနိုင်မဲ့ per-act HIV transmission risk ကို ကာမဆက်ဆံတဲ့(penile-vaginal)ကရတဲ့ data ကိုအခြေခံပြီးပဲခန့်မှန်းထားပါတယ်။ ဆိုတော့ oral sex HIV case တွေကနေတန်းပြီးရတာမဟုတ်ပါဘူး။
  2. ၁၉၉၀-၂၀၀၀ ထိ serodiscordant heterosexual အတွဲတွေနဲ့ ၁၀နှစ်ကြာပြုလုပ်ခဲ့တဲ့ စပိန်နိုင်ငံကသုတေသနတစ်ခုအရ oral sex ၈၉၆၅ခါလုပ်တဲ့အထဲမှ HIV ကူးစက်မှုတစ်ခုမှမရှိခဲ့ပါဘူး။
  3. အမျိုးသမီးချင်းချစ်သူတွေကိုလေ့လာထားတဲ့ studyမှာလည်း oral sex ကြောင့် HIV ကူးစက်မှုမရှိခဲ့ပါဘူး။

ဒါကြောင့် ဒီသုတေသနမှာ oral sex risk ကို သေချာတိကျစွာခန့်မှန်းလို့မရပါဘူးလို့ဖော်ပြသွားပါတယ်။ ပြီးတော့ oral sex ကြောင့် HIV ကူးစက်မှုရှာလို့မရတဲ့အတွက် Clopper-Pearson exact binomial 95% confidence intervals ကိုအသုံးပြုထားတယ်လို့လဲပြောသွားပါတယ်။ ဒီ model ကိုကောက်နှုန်းပြီးတော့ oral sex HIV ကူးစက်မှု risk ကို ၁၀၀၀၀ မှာ ၀ မှ ၄ ထိ ဖြစ်နိုင်ဟု ၉၅% ယုံကြည်နိုင်မှု နဲ့ဖော်ပြလိုက်တာပါ။

ဒီလိုနဲ့ ၀.၀၄% ကိုမြင်ရပြန်ပါပြီ။

HUV ကူးစက်မှုကိုလေ့လာထားတဲ့ သုတေသနတွေကတော့များလွန်းလို့ ကျွန်တော်အကုန်လုံးကိုချပြမယ်ဆိုရင်ပြီးမှာကိုမဟုတ်တော့ပါဘူး။ ဒါကြောင့် နောက်ဆုံးပြောချင်တာကတော့ :

  1. oral sex ကနေ HIVကူးစက်မှုကို genetic fingerprinting နဲ့သေချာအတည်ပြုထားတဲ့ case ကျွန်တော်သိရသလောက်တော့မရှိပါဘူး။
  2. ရှိသမျှ ပြထန်းထားတဲ့ risk တွေအကုန်က သင်္ချာ နည်းအတိုင်းတွက်ထားတာတွေပဲဖြစ်ပါတယ်။

ခက်တာက လုံးဝမဖြစ်နိုင်ဘူးဆိုတော့လို့လဲချပြလို့ကမရ။

ပြဿနာကတော့အဲ့ဒါပါပဲ။ HIV ကူးစက်မှုကို oral sex ကနေဖြစ်နိုင်တယ်လို့ ဇီဝဗေဒသဘောအရ ကျွန်တော်တို့နားလည်ပါတယ်။ ဒါကြောင့် oral sex ကနေ HIV ကူးစက်ခဲ့တဲ့ case တစ်ခါမှမရှိသေးပေမဲ့ လုံးဝမဖြစ်နိုင်ဘူးဆိုပြီးမပြောနိုင်တာပါ။ ဂြိုလ်သားတွေမတွေ့ဘူးလို့ မရှိဘူးလို့ပြောလို့မရသလိုပေါ့။

ဒါကြောင့်မို့ ကျွန်တော်တို့ဟာ သေချာအောင်အတည်ပမပြုနိုင်သရွေ့ oral sex ကနေ HIV မကူးနိုင်ဘူးလို့မပြောနိုင်တာပဲဖြစ်ပါတယ်။

ဆရာဝန်တွေရဲ့ တာဝန်

ပြီးတော့ ဆရာဝန်တွေဟာလည်း သူတို့တာဝန်အရ လူနာကို အကောင်းဆုံးကျန်းမာရေးအကြံဥာဏ်ပေးတဲ့အနေနဲ့ အမြဲဂရုပြုအတတ်နိုင်ဆုံးအကာအကွယ်သုံးဖို့ပဲပြောမှာပါ။

ဒါကြောင့်လဲ အမြဲ oral sex အတွက် condomတွေ dental damsသုံးဖို့ တိုက်တွန်းရခြင်းပဲဖြစ်ပါတယ်။ ဒီအကာအကွယ်တွေသုံးတာဟာ oral sexလုပ်တဲ့အခါ feelingတွေလျော့သွားနိုင်မှန်းသိသော်လည်း လူနာရဲ့ safety သည်ဆရာဝန်တွေအတွက်အရေးအကြီးဆုံးဖြစ်တာမို့ ဒီလို့ advice ပေးရခြင်းဖြစ်ပါတယ်။

ဒါကြောင့်မို့

oral sexကနေ HIV ကူးမှာကို အရမ်းမစိုးရိမ်ပါနဲ့။ ဖြစ်နိုင်ချေက သုညနီးနီးမဟုတ်လား။ HIV test ကို အချိန်မှန်မှန်ပြုလုပ်ဖို့ကပဲပိုအရေးကြီးပါတယ်။

oral sexလုပ်ပြီးတော့ လည်ချောင်းနာတာတွေရှိရင် HIVလို့တန်းမထင်လိုက်ပါနဲ့။ တကယ်လို့ အရမ်းစိတ်မချရဘူးဆိုရင် ၇၂နာရီအချိန်အတွင်းရှိနေသေးတယ်ဆိုရင် PEP treatment ယူဖို့ဆွေးနွေးဖို့ဆရာဝန်နဲ့ပြလိုက်တာအကောင်းဆုံးပါပဲ။