Colorful balloons in spermatozoid shape on blue. Trendy bright colors, minimal style. Sperm motion, donation concept. Abstract flat lay.

Covid-19 ရောဂါနဲ့ကာကွယ်ဆေးကြောင့်အမျိုးသားတို့အတွက် မျိုးပွားနိုင်မှုထိခိုက်နိုင်မလား?

Written by:

Dr Tan Kok Kuan

Dr Tan Kok Kuan

Dr Tan is a medical doctor in private practice focusing on men's health, and a contributing author of the Singapore HIV PrEP prescribing guidelines and the Blueprint to end AIDS and HIV transmission in Singapore by 2030. Read more of his articles at http://drtanmenshealthblog.com.

Share:

Share on facebook
Share on twitter
Share on whatsapp
Share on linkedin
Share on telegram

ADVERTISMENT

လိုရင်းပြောရရင်တော့ အဖြေကတော့ထိခိုက်နိင်ပါတယ်။ Covid-19 ကြောင့်ဝှေးစေ့မှာရောင်ကိုင်းမှုဖြစ်နိုင်ကြောင်း ဒီရောင်ကိုင်းမှုတွေကြောင့်သုတ်ကောင်ရည်အရေအတွက်သာမက DNAပျက်ဆီးမှုတွေပါရှိနိင်ကြောင်းလေ့လာမှုတွေအရတွေ့ရှိမှုတွေရှိပါတယ်။

တစ်ချို့လေ့လာချက်တွေမှာလည်း သုတ်ကောင်ရည်လှုပ်ရှားမှုတွေ သုတ်ပိုးကောင်ရဲ့အရွယ်ပုံစံတို့မှာတောင်ပြောင်းလဲမှုတွေရှိတယ်လို့တင်ပြမှုတွေရှိပါတယ်။

၂၀၂၁ခုနှစ် မတ်လမှာထုတ်ဝေခဲ့တဲ့ဆောင်းပါးတစ်ခုအရ Covid-19ရောဂါကနေ ပြန်လည်ကောင်းမွန်လာတဲ့အမျိုးသား ၄၃ယောက်အနက် ၂၅%ဟာ သုတ်ကောင်ရည်အရေအတွက်ထိရောက်မှုတွေနဲ့ သုတ်ပိုးအရွယ်ပုံစံထိရောက်မှုတွေရှိတယ်လို့ရေးသားထားပါတယ်။ ဒီပြောင်းလဲမှုတွေဟာ သုတ်ရည်ထဲမှာ Covid-19 virusပိုးမရှိပဲနဲ့သက်ရောက်မှုတွေဖြစ်နေတာပါ။ ပြီးတော့ Covid-19ရောဂါကိုပြင်းပြင်းထန်ထန်ခံစားခဲ့ရတဲ့အမျိုးသားတွေက သုတ်ကောင်အရည်အသွေးပိုပြီးတော့ဆိုးရွားစွာထိခိုက်မှုတွေရှိပါတယ်။

၂၀၂၁ခုနှစ်ဇန်နဝါရီ မှာထုတ်ပြန်ခဲ့တဲ့ လေ့လာချက် ၅၇ခုကို သုံးသပ်ထားတဲ့ review paperတစ်ခုမှာလည်းပဲ Covid-19ကူးစက်ခံရမှုဟာ ဝေးစေ့အပေါ်ထိခိုက်မှုတွေရှိနိုင်ကြောင်း သုတ်ကောင်ရည်တွေကိုပြောင်းလဲမှုတွေဖြစ်ပေါ်စေနိုင်ကြောင်းပြထန်းသွားပါတယ်။ ဒါကြောင့် သုတ်ပိုးကောင်အရေအတွက်ကျဆင်းမှုတွေ သုတ်ပိုးDNAပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ အဲ့ဒီ့စာဆောင်မှာဘယ်လောက်ထိတောင်ပြောသွားလဲဆိုရင် Covid-19ကူးစက်ခံရမှုကြောင့် ဝှေးစေ့ရောင်ကိုင်းတာဟာ ဝှေးစေ့အိတ်ကိုနာကျင်အောင့်စေနိုင်တဲ့အထိဖြစ်နိုင်တယ်လို့ပြောသွားပါတယ်။

တရုတ်နိုင်ငံက ၂၀၂၀ခုနစ်နိုဝင်ဘာလမှာထုတ်ပြန်ခဲ့တဲ့လေ့လာမှုတစ်ခုမှာလည်းပဲ ၎င်းနည်းတူသက်ရောက်မှုတွေရှိကြောင်းဖော်ပြထားပါတယ်။ ဒါပေမဲ့နောက်ထပ်တစ်ခုပိုတာကတော့ ဒီCovid-19ရောဂါကြောင့် ကိုယ်ခံအား(immune system) ကနေပြန်လည်တိုက်ခိုက်ရင်း ဝှေးစေ့အပေါ်ထိခိုက်မှုတွေရှိတယ်လို့ဆိုခဲ့ပါတယ်။

ဒါဆို Covid-19ကာကွယ်ဆေးတွေဆိုရင်ရော?

အစ္စရေးနိင်ငံက အမျိုးသား၄၃ယောက်ပါဝင်တဲ့လေ့လာချက်တစ်ခုမှာတော့ Pfizer-BioNtech ကာကွယ်ဆေးကြောင့်သုတ်ကောင်အပေါ်ဘာသက်ရောက်မှုမှမရှိပါဘူးလို့သိရှိရပါတယ်။ ဒါပေမဲ့လေ့လာမှုအသေးစားလေးပဲဖြစ်တဲ့အတွက်အကုန်အကျူံးဝင်တယ်လို့ပြောလို့မရသေးပါဘူး။ တစ်ခြား Covid-19ကာကွယ်ဆေးတွေအတွက်လည်းတန်းတူယူဆလို့လဲမရပါဘူး။

ယခုလောလောဆယ်ရှိတဲ့သက်သေအထောက်အထားတွေအရတော့ Covid-19ရောဂါကြောင့်သာသုတ်ကောင်အပေါ်သက်ရောက်မှုတွေရှိနိုင်တယ်လို့ပြောလို့ရပါသေးတယ်။ ကာကွယ်ဆေးကြောင့်သက်ရောက်မှုကိုတော့ခိုင်လုံအောင်ပြောနိုင်တဲ့သက်သေအထောက်အထားတွေမရှိသေးပါဘူး။ ဒါကြောင့် Covid-19ဖြစ်ဖူးတဲ့လူငယ်လူရွယ်တို့အတွက်တော့ မိသားစုတည်ထောင်ဖို့ရီရွယ်ချက်ရှိတယ်ဆိုရင် ဆရာ၀င်နဲ့တွေပြီးတော့ကိုယ့်သုတ်ပိုးကောင်အချေအနေကိုစစ်စေးဖို့ကိုတော့ကျွန်တော်အကြံပြုပါတယ်။

ဒီ postကတော့ Dr.Tan’s blog ကနေကောက်ယူတည်းဖြတ်ထားတာပဲဖြစ်ပါတယ်။