Leaking of water from stainless steel sink pipe on isolated on blue background

အပေါ့သွားလို့နာရင်ဖြစ်နိုင်တဲ့ အချက်၅ချက်။

Written by:

Dr Tan Kok Kuan

Dr Tan Kok Kuan

Dr Tan is a medical doctor in private practice focusing on men's health, and a contributing author of the Singapore HIV PrEP prescribing guidelines and the Blueprint to end AIDS and HIV transmission in Singapore by 2030. Read more of his articles at http://drtanmenshealthblog.com.

Share:

Share on facebook
Share on twitter
Share on whatsapp
Share on linkedin
Share on telegram

ADVERTISMENT

အပေါ့သွားလို့နာရင် တစ်ခါတစ်လေ သက်တောင့်သက်သာမရှိရုံဖြစ်ပေမဲ့ တစ်ချို့အချိန်ဆိုဆီးပိုက်ကြောင်းထဲဓါးသွားနဲ့ခြစ်ခံရသလိုအရမ်းနာတတ်တာ ကွီးတို့သိမှာပါ။ အဲ့ဒီလိုဖြစ်ပြီဆိုရင်တော့ ပြဿနာနည်းနည်းတတ်နေပြီဖြစ်ဖို့များပါတယ်။ ဖြစ်နိုင်ချေ ၅ခုကတော့:

ဆီးလမ်းကြောင်းထဲ ပိုးဝင်ခြင်း (UTI)

UTIဆိုတာကတော့ဆီးအိမ်ထဲပိုးဝင်လို့ cystitis ဖြစ်တာပဲဖြစ်ပါတယ်။ အမျိူးသမီးများမှာအဖြစ်များပေမဲ့ အမျိုးသားများမှာလဲဖြစ်တတ်ပါတယ်။ ဆီးသွားပေါက်ထဲကိုအပြင်ကအရေပြားနားမှာရှိတဲ့ bacteria တွေဝင်သွားပြီး ဆီးအိမ်ထဲကိုဝင်သွားလို့ဖြစ်တာပါ။ ခန္တာကိုယ်ကအပေါ့သွားခြင်းနဲ့ ဒီ bacteria တွေကိုဖယ်ထုတ်ပေးပေမဲ့ bacteria တွေအရမ်းများတော့ ကုန်စင်အောင်မထုတ်ပေးနိုင်လို့ ဆီးအိမ်ထဲမှာ infectionဖြစ်တာပဲဖြစ်ပါတယ်။

ဒီဆီးအိမ်ရောင်ရောဂါဝေဒနာရှင်တွေဟာဆိုရင် ဆီးသွားများတာ၊ ဆီးမထိန်းနိုင်တာအပြင် infection ကြောင့်ဖြားတာနာတာတွေအထိတောင်ဖြစ်နိုင်ပါတယ်။ တစ်ချို့ဆို မူးဝေပျို့အင်တာတွေလည်းရှိပါတယ်။ ကုထူံးကတော့ ဆီးစစ်ပြီးတော့antibiotic သောက်ရုံပဲဖြစ်ပါတယ်။

ဆီးကျောက်တည်ခြင်း

ဆီးကျောက်တည်တာကတော့ နာမည်အတိုင်းပဲ ဆီးအိမ်ထဲမှာကျောက်ဖြစ်ခြင်းပဲဖြစ်ပါတယ်။ များသောအားဖြင့်တည်တဲ့ကျောက်လေးတွေဟာသေးတဲ့အတွက်အပေါ့သွားရင်းနဲ့ပဲပါသွားတတ်ပါတယ်။ ဒါပေမဲ့ဆီးကျောက်တွေကလုံးနေတာမဟုတ်တဲ့အတွက် ဆီးလမ်းကြောင်းကိုထိမိ၊ရှမိဖြစ်ပြီး ဒဏ်ရာဖြစ်စေနိုင်ပါတယ်။ အဲ့ဒါကြောင့် ဆီးသွားရင်းရုတ်တရက် အရမ်းနာကျင်ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ပြီးသွားရင်လဲ့ချက်ချင်းနာတာသက်သာသွားပါတယ်။ အိမ်သာထဲကျောက်ကျသွားလို့အသံတောင်ထွက်နိုင်ပါတယ်။

ဆီးကျောက်ကြောင့် ဆီးထဲသွေးပါလို့ဆီးတွေနီနေနိုင်ပါတယ်။ သွေးသိပ်မပါရင်တော့ အနီမဖြစ်ပဲ ဆီးကခက်နောက်နောက်ပဲဖြစ်တတ်ပါတယ်။ ဆီးကျောက်တည်တာဟာများသောအားဖြင့်တော့ သူ့ပါသာကျသွားတတ်တာကြောင့် ဆရာဝန်ပြစရာမလိုအပ်ပါဘူး။ infection ဝင်သွားရင်တော့ ဆေးကုသမှုခံယူရပါမယ်။ ကျောက်ကျလွယ်အောင်ကူညီပေးတဲ့ဆေးတွေလည်းရှိပါတယ်။

Chlamydia

Chlamydiaဖြစ်ရင်လည်း ဆီးသွားရင်အနေခက်ဖြစ်စေပေမဲ့ အရမ်းပြင်ထန်အောင်မဖြစ်စေပါဘူး။ တစ်ကယ်တော့ နာကျင်တာထက် ယားသလိုဖြစ်တဲ့ခံစားချက်လို့ပိုမှန်ပါမယ်။ တစ်ခြားလက္ခဏာတွေကတော့ လိင်တံအဝမှာ အဝါလိုလို အစိမ်းလိုလို အရည်ထွက်စေတာပဲဖြစ်ပါတယ်။ ဒီမှာလည်းပဲဝေဒနာပြင်းထန်အောင်မဖြစ်ပဲ မနက်မိုးလင်းလို့အတွင်းခံမှာအနည်းငယ်ပေနေရုံသာသာပဲဖြစ်တတ်ပါတယ်။ ရောဂါလက္ခဏာကတော့ ကူးစပ်မှုဖြစ်ပြီး ၃ရက်မှ၂ပတ်အတွင်းပေါ်လာတတ်ပါတယ်။

Chlamydia ဟာလည်း urine test နဲ့တွေ့နိုင်ပြီး antibiotics သောက်ခြင်းဖြင့်ပျောက်ကင်းစေနိုင်ပါတယ်

Gonorrhea (ကာလသားရောဂါ)

Gonorrhea(ကာလသားရောဂါ)ဟာလည်းပဲ chlamydiaနည်းတူ ဆီးလမ်းကြောင်းထဲ infection ဝင်တာဖြစ်ပြီး oral sex ကနေရော penetrative sex ကနေပါကူးစပ်နိုင်ပါတယ်။ ဒါပေမဲ့ ကွာခြားတာ ရောဂါလက္ခဏာလျင်မြန်စွာဖြစ်စေတာပါပဲ။ ပြီးတော့ ဆီးသွားရင်ယားတာထက်ပိုပြီးတော့ နာကျင်တာဖြစ်စေပါတယ်။

နောက်ထပ်ကွားခြားချက်တစ်ခုကတော့ ဆီးလမ်းဝမှာအရည်ထွက်တဲ့အခါမှာ အများကြီးထွက်တတ်ပြီး အဝါရောင်သန်းပါတယ်။ တစ်ချို့ဝေဒနာရှင်တွေဆိုရင် အရည်ထွက်တာများတဲ့အတွက်အတွင်းခံမစွန်းအောင် တစ်ရှူးတွေခံရတဲ့အထိဖြစ်ကြပါတယ်။ gonorrhea ကိုလည်း urine test ပြုလုပ်ပြီးတွေ့နိုင်ပြီး antibiotics သောက်ခြင်းဖြင့်ကုသနိုင်ပါတယ်။

Balanitis(လိင်တံအရည်ခွံရောင်ခြင်း)

ဒါကတော့ လိင်တံမဖြတ်ထားတဲ့အမျိုးသားတို့မှာအဖြစ်များလေ့ပါတယ်။ လိင်တံကforeskin အရည်ခွံမှာ infection ဝင်တဲ့အခါမှာ လိင်တံထိပ်ရောင်တာကြောင့် ဆီးသွားတဲ့အခါနာကျင်စေတာပါ။ Balantis ရဲ့ထူးခြားတာကတော့ အပေါ်ကရောဂါတွေလို့ ဆီးပိုက်ကြောင့်နာတာမဟုတ်ပဲ foreskinနဲ့ဆီးနဲ့ထိမိလို့နာတာပဲဖြစ်ပါတယ်။ foreskin ကိုများစွာသော ပိုးမွှားbacteria တွေဝင်စေနိုင်ပါတယ်။

ဆီးချိုရောဂါဝေဒနာရှင်တွေအတွက်ဆို risk ပိုများပါတယ်။ ပြီးတော့ foreskin အရမ်းကျပ်နေတဲ့အခါ အသုံးပြုရင်းအသားရည်ကွဲထွက်သွားတာဖြစ်တတ်ပါတယ်။ အဲ့လိုဖြစ်တဲ့အခါ ဝေဒနာပြင်းထန်အောင်ဖြစ်တတ်ပြီး infection ဝင်ဖို့လဲပိုပြီးတော့လွယ်ကူစေပါတယ်။

balanitisကိုကုသတဲ့အခါမှာတော့ infection ကိုကုတဲ့အပြင် ရောဂါရဲ့ အရင်းမြစ် underlying cause ကိုပါကုသဖို့လိုအပ်ပါတယ်။ လူနာမှာဆီးချိုရှိရင် ဆီးချိုကိုထိန်းသိမ်းဖို့ foreskin အရမ်းကျပ်လို့ဆိုရင် လိင်တံအရည်ဖျားဖြတ်တာကိုပြူလုပ်ဖို့စဥ်းစားရပါမယ်။

ဒီစာစောင်ကတော့ Dr Tan’s blog ကနေ တည်းဖြတ်ကူးယူထားတာပဲဖြစ်ပါတယ်။