Pride month ရောက်ဖို့ ၁ရက်ပဲကျန်တော့တာဖြစ်ပေမဲ့ အာရှတစ်ဝှက်မှာတော့ Covid-19အချေအနေကြောင့် LGBT+ ဆင်နွှဲမှုတွေကိုရန့်တန့်ထားရတုန်းပဲဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုcovid အချိန်မှာဘယ်လိုပါဝင်supportလုပ်လို့ရမယ့်နည်းလမ်းတွေကို ကျွန်တော်တင်ပြလိုက်ပါတယ်။
လိင်တူချစ်သူတွေကို ထောက်ခံတဲ့ ally တစ်ဦီးဘယ်လိုဖြစ်နိုင်လဲဆိုတာ ပြောပြပါ။
ခုချိန်မှာ parade ချီတက်ပွဲတွေ ပျော်ပွဲရွှင်ပွဲတွေကိုစုဝေးပြီးလုပ်လို့ရဖို့ကမလွယ်သေးပါဘူး။ဒါပေမဲ့အဲ့ဒီလိုမလုပ်ပဲနဲ့ pride ရဲ့အဓိကmessageဖြစ်တဲ့ love equality နဲ့ လိင်တူချစ်သူတိုင်းအရွယ်၊လူမျိူး၊ဘာသာမရွေး အကုန်ညီအကိုမောင်နှမတွေဖြစ်ကြောင်း ပတ်ဝန်းချင်မှာအသိဥာဏ်တိုးအောင်ဖြန့်ချီပေးလို့ရပါတယ်။
တစ်ချို့တွေဆိုရင် ထောက်ခံအားပေးချင်ပေမဲ့ အဓိပ္ပါယ်ရောက်ရောက် အသုံးအနှုံမှန်မှန်ကန်ကန်းပြောဆက်ဆံဖို့မတတ်ကြပါဘူး။ ဒါကြောင့်ဒီအချိန်မှာ awareness ဖြန့်ချီပြီး ally တစ်ယောက်အနေနဲ့ဆောင်ရွက်နိုင်တာတွေ၊ တန်းတူအခွင့်အရေးရဖို့ဥပဒေပြောင်းလဲရာမှာအကူအညီပေးဖို့ပြောကြားပေးပါ။ ပြီးတော့ LGBT+ဖြစ်သူ allyတွေရဲ့ဘဝထဲမှာရှိခဲ့ရင် သူတို့ရဲ့ coming out အချိန်မှာ coming out လုပ်သူစိတ်ထိခိုက်မှုသက်သာစေအောင် ဘယ်လို့သင့်သင့်တော်တော်နုညံ့စွာတုံ့ပြန်တတ်ဖို့ပြောကြားပေးပါ။
အချိန်ပိုတယ်ဆိုရင် HIV clinic/counselling စသဖြင့်လိုအပ်တဲ့နေရာတွေမှာ volunteerလုပ်ကူညီပေးပါ။
ဒီလို ကိုယ့် communityအတွက်ပြန်လည်ပေးစပ်ပေးဖို့အချိန်ဟာ Prideလထက်ကောင်းတဲ့အချိန်မရှိပါဘူး။ မိမိကငွေရေးတတ်နိုင်တဲ့သူဆိုရင် ကိုယ့်စိတ်အားထက်သန်တဲ့အဖွဲ့အစီးတစ်ခုမှာ အလှူအတန်းလုပ်ပေးပါ။ လိင်တူချစ်သူဆိုပြီးဖြစ်လာရင် ဘဝကအခက်အခဲများစွာနဲ့ရုန်းကန်မှုတွေများစွာရှိရပါတယ်။ ဒါကြောင့်ကိုယ်ကအဆင်ပြေတယ်ဆိုရင်တတ်နိုင်သလောက် လိုအပ်တဲ့သူတွေအတွက်ကူညီပေးပါ။

ဒီ Super Lit Candle ကနေ ကျွန်တော်တို့Asia.gay အတွက်အထူးသီးသန့်ပြုလုပ်ထားတဲ့ဖယောင်းတိုင်လေးတွေ Pride လ promotionအနေနဲ့ရောင်းချပေးနေတာနော်။ ပြီးတော့ရောင်းရသမျှအရင်းတွေကို အာရှတစ်ဝုက်ကအခွင့်အလမ်းအားနည်းတဲ့လိင်တူချစ်သူတွေပံ့ပိုးမှုအတွက်ပြန်လည်အသုံးပြူသွားမှာပါ။ ဒီ link လေးကိုနှိပ်ပြီး ဝယ်ယူနိုင်ပါတယ်။
မိမိနိုင်ငံရဲ့ LGBT+သမိုင်းကိုလေ့လာသင်ယူပါ။
“Knowledge is power” ဆိုတဲ့အတိုင်း အသိပညာများလေလေ ကိုယ့်ရဲ့လုပ်နိုင်ချေစွမ်းအင်မြင့်မားမှာဖြစ်ပါတယ်။ ဒါကြောင့် quarantine ကြောင့်အိမ်မှာပိတ်မိနေတဲ့အချိန်တွေမှာ ကျွန်တော်တို့လိင်တူချစ်သူတွေဖြတ်သန်းခဲ့ရတဲ့သမိုင်း၊ ထိုးဖောက်ခဲ့ရတဲ့အခက်အခဲတွေကိုလေ့လာပြီးတော့ သူတို့တွေအခွင့်အရေးရဖို့ဘယ်လိုလုပ်ဆောင်ခဲ့ရသလဲဆိုတာတွေကိုဖတ်ပါ။
ဘာလို့လဲဆိုတော့ ကျွန်တော်တို့ အာရှတိုက်တစ်ဝှက်မှာ LGBT+အခွင့်အရေးအတွက်လုပ်စရာတွေအများကြီးကျန်ပါသေးတယ်။ ဒါကြောင့် အရင်ကသင်ခန်းစာတွေကိုယူပြီး အနာဂတ်အတွက်ဘယ်လိုဆက်လက်ဆောင်ရွက်ရမလဲဆိုတာကိုစဥ်းစားနိုင်မှာပါ။
LGBTအနုပညာ၊ ယဥ်ကျေးမှုတွေကိုအားပေးပါ။
LGBTအနုပညာတွေကိုအားပေးမြင်တွေ့ရတဲ့အခါ ကိုယ်နဲ့အမျိူးတူဘဝခံစားချက်တွေကို ခံစားရပြီး ကျွန်တော်တို့ရဲ့လူးအားနည်းတဲ့ community ထဲမှာအထီးကျန်မှုတွေကိုလျော့နည်းစေပါတယ်။ အပြင်မှာရုပ်ရှင်ရုံတွေ concert တွေ မဖွင့်ပေမဲ့ ခု internetခေတ်မှာ steaming sites တွေကနေရုပ်ရှင်တွေ၊သီချင်းတွေကိုလွယ်လွယ်ကူကူကြည့်ရှုနိုင်တဲ့အတွက် LGBT+ဇတ်ကားတွေကိုရှာဖွေကြည့်ရှုဖို့အခွင့်လမ်းတွေရှိပါတယ်။
Asia.gay ကရွေးချယ်ထားတဲ့ LGBTQ+အနှပညာရှင်တွေနဲ့ အာရှအရှေ့တိုင်း LGBTQ+ဇတ်ကားများ ကျွန်တော်တို့ Culture page မှာလဲတစ်ခြားရွေးချယ်ထားတဲ့ အနုပညာရုပ်ရှင်နဲ့စာအုပ်တွေကိုဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
မိမိရဲ့ ဘဝအကြောင်းသင်ခန်းစာတွေကို ပြောပြပါ။
ကိုယ်ကအဆင်ပြေတယ်ဆိုရင် Social media မှာ ကိုယ်ရဲ့ coming out story ဒါမှမဟုတ် LGBTQ+ လိင်တူချစ်သူတစ်ယောက်အနေနဲ့ဖြတ်သန်းခဲ့ရတဲ့အရေးပါတဲ့ဘဝအကြောင်းအရာတွေကိုတင်ပြပါ။ ဒီလို ဘဝသင်ခန်းစာတွေကိုထုတ်ဖော်ပြောပြခြင်းအားဖြင့် အထူးသဖြင့် ပွင့်လင်းမှုမရသေးတဲ့ကိုယ့် ညီအကိုမောင်နှမတွေအတွက်အားတက်မှုဖြစ်ထွန်းစေပါတယ်။
လူသိရှင်ကြားမပြောချင်ဘူးဆိုရင်လည်း ကိုယ့် close circle သူငယ်ချင်းအရင်းခေါက်ခေါက် (သို့) မိသားစုဝင်တွေကြားမှာ မျှဝေပေးပါ။ ဒီလို ရင်ဖွင့်ပြောကြားခြင်းဖြင့် ဒီ Pride လမှာ ချစ်ခင်သူတွေနဲ့နားလည်မှုပြည့်စုံတဲ့ ဆက်ဆံရေးတွေကိုတည်ဆောက်လိုက်ကြရအောင်