Two cheerful asian and african american young friends standing together outdoors

Friends with benefits (ဇိမ်ခံသူငယ်ချင်း)- ဆက်ဆံရေးတွေအဆင်ပြေအောင်နည်းလမ်းများ။

Written by:

Winston Lam

Winston Lam

Winston is a psychologist who is passionate about the underlying mechanisms that influence social interactions, human behaviour, and self improvement.

Share:

Share on facebook
Share on twitter
Share on whatsapp
Share on linkedin
Share on telegram

ADVERTISMENT

Grindrလိုappတွေမှာ Friends with benefits (သို့) အတိုလို FWBဆိုတာကို စာဖတ်သူတို့ မြင်ဖူးလိမ့်မယ်လို့ထင်ပါတယ်။ FWBဆက်ဆံရေးဆိုတာကအမျိုးသားနှစ်ဦးက သူငယ်ချင်းလိုလဲအတူတူအပြင်ထွက် hang outလုပ်တယ်၊ ပြီးတော့အခါသင့်ရင်လိင်လဲဆက်ဆံတဲ့ဆက်ဆံရေးမျိုးကိုပြောတာပဲဖြစ်ပါတယ်။MLMချစ်သူလောကမှာတော်တော်တွေ့ရတဲ့ ဆက်ဆံရေးမျိုးပါပဲ။ Sex buddy တို့ သာမန်ရည်းစားတို့နဲ့မတူထင်ရှားတာကတော့ FWB ရဲ့အချေခံဆက်သွယ်မှုက လိင်ဆက်ဆံဖို့၊အချစ်ရေးတို့ဖို့မဟုတ်ပဲ သူငယ်ချင်းလိုပေါင်းသင်းဖို့ဖြစ်တာပါပဲ။

ဒါဆို ဒီ FWB တွေအဆင်ပြေတတ်လား?

အဆင်ပြေနေတယ် – ခုလောလောဆယ်တော့။

လေ့လာချက်တွေအရလူတွေက သူတို့ရဲ့FWBဆက်ဆံရေးတွေကိုအဆင်ပြေနေတယ်လို့ထင်ကြတာများပါတယ်။ သို့ပါများလဲ ရည်ရှည်မဖြစ်တတ်ကြပါဘူး။ FWBရှိကြတဲ့လူအယောက်၂၀၀ လောက်ကို လေ့လာထားတဲ့studyတစ်ခုအရဆိုရင် အချိန်တစ်နှစ်ကြာတဲ့အခါမှာ၂၀၀ ထဲက ၂၅%သာ သူတို့ FWBဆက်ဆံရေးတွေရှိတော့တယ်လို့သိရပါတယ်။

ကျန်တဲ့သူတွေကဘယ်လိုပြောင်းလွဲသွားလဲဆိုရင်တော့

၁၅%ကတော့ချစ်သူရည်းစားတွေဖြစ်သွားကြပြီး ၃၀%ကတော့သူငယ်ချင်းလိုပဲပြန်ဖြစ်။၊ ကျန်တဲ့ ၃၀%ကတော့လုံးဝကိုအဆက်အသွယ်မရှိတော့တဲ့လမ်းခွဲမှုတွေဖြစ်သွားကြပါတယ်။ ဒီresultတွေကိုကြည့်မယ်ဆိုရင် FWBတွေရဲ့သွားတဲ့လမ်းစဥ်အမျိူးမျိုးရှိတယ်လို့ပြောလို့ရတာပေါ့နော်။ ဒါပေမဲ့သေချာတာကတော့ FWBအများစုက FWBအဆင့်ကနေ ချစ်သူရည်းစားတွေဖြစ်မသွားပါဘူး။

အတိအကျဆိုရင် ဒီFWBဆက်ဆံရေးကို ချစ်သူရည်းစားဆက်ဆံမှုမျိူးဖြစ်မယ်ဆိုတဲ့ရည်မှန်းချက်နဲ့ဝင်ရောက်လျှောက်လှမ်းခဲ့တဲ့လူတွေရဲ့ ၁၅%သာ အဲံရည်မှန်းချက်ပန်းတိုင်ကိုစွပ်ခူးနိုင်ခဲ့ပါတယ်။ လူနှစ်ယောက်ရှိတဲ့ဆက်ဆံရေးမှာတစ်ဖက်ထဲကပဲခံစားမှုတွေပြင်းထန်ပြီးအချစ်ရဲ့နွန်ထဲကျမိသွားတဲ့အခါ ဖြစ်ပေါ်လာတဲ့မညီမျှမှုတွေကြောင့် ဆက်ဆံရေးတွေပျက်ပြားပြိုကွဲတတ်ပါတယ်။ ပြိးတော့ ကိုရဲ့FWBကချစ်သူရည်းစားရသွားတဲ့အခါ ဒီFWBဆက်ဆံရေးကိုဖျတ်သိမ်းတဲ့အခြေအနေလဲ့ရှိပါသေးတယ်။

FWBတွေကြာကြာမခံနိုင်တဲ့အကြောင်းနောက်တစ်ခုကတော့ သဘာဝအရအချိန်ကြာလာတဲ့အခါလိင်ဆွဲငင်အားတွေလျော့နည်းလာတတ်လို့ပဲဖြစ်ပါတယ်။ ဒီလိုဆက်ဆံရေးတွေပြောင်းလဲသွားတဲ့အခါ သူငယ်ချင်းလိုဆက်လက်ပြီးတော့လျောက်လှမ်းနိုင်လားမနိုင်လားဆိုတာကတော့ FWBဆက်ဆံရေးကသူငယ်ချင်းအပိုင်းကိုပိုအရေးပေးလား လိင်ဆက်ဆံရေးအပိုင်းကိုပိုအရေးပေးလားပေါ်မူတည်ပါတယ်။

ဒီလိုFWBကနေသူငယ်ချင်းအဆင့်တွေဖြစ်သွားတဲ့အခါကို တစ်ဆင့်လျှော့”downgrade”ဖြစ်သွားတယ်လို့ယူစလေ့မရှိပါဘူး။ surveyလုပ်ထားတဲ့လူတွေအများစုအရ အဆင့်ပြောင်းသွားတဲ့အခါ သူတို့ရဲ့ex-FWBတွေကိုအရင်ကထက်ပိုပြီးတော့ရင်းနှီးနားလည်မှုရှိလာတယ်လို့သိရပါတယ်။ ဒီလိုဖြစ်ဖို့ကတော့ FWBဆက်ဆံရေးရဲ့အခြေအနေအပြောင်းအလဲတွေကိုကောင်းမွန်အောင်ဖြတ်သန်းနိုင်တဲ့ ရင့်ကျက်မှု၊ နှစ်ယောက်ကြားပွင့်လင်းမှုရှိတဲ့ communcationတွေလိုအပ်ပါတယ်။

ပွင့်လင်းစွာပြောဆိုဆက်ဆံပါ။

အပေါ်ကလေ့လာချက်မှာ FWBကနေတစ်ခြားဆက်ဆံရေးတစ်ခုခုကိုအောင်မြင်စွာပြောင်းလဲသွားတဲ့လူတွေနဲ့ မပြောင်းလဲနိုင်တဲ့လူတွေရဲ့ကွာခြားချက်တွေရှိတာကိုတွေ့ရပါတယ်။ ဆက်ဆံရေးပြောင်းလဲနိုင်တဲ့လူတွေဟာ ကိုယ့်ရဲ့လိုအပ်ချက်၊ မလိုလားအပ်တဲ့အရာတွေကို ပွင့်လင်းထိရောက်အောင်ပြောဆိုနိင်စွမ်းရှိတဲ့သူတွေပဲဖြစ်ပါတယ်။

FWBဆက်ဆံရေးတွေကိုလူတွေက လွယ်ကူပေါ့ပါးတဲ့ဆက်ဆံရေးတစ်ခုဖြစ်ရမယ်လို့ထင်တတ်ကြတာကြောင့် သေချာညှိနိူင်းမှာတွေရှိစရာမလိုဘူးလို့ယူစတတ်ကြပါတယ်။

ဒါပေမဲ့အဲ့လိုထင်တဲ့သူတွေသေချာနားမလည်တာက ဆွေးနွေးညှိနိူင်းမှုတိုင်း ခက်ခဲစရာမလိုဘူးဆိုတာပါပဲ။ တန်ဖိုးရှိတဲ့ဆက်ဆံရေးတိုင်းဟာ ဂရုပြုပျိုးထောင်မှုလိုအပ်ပါတယ်။ ပွင့်းလင်းစွာဆွေးနွေးညိနှိုင်းမှုကအဲ့ဒီထဲကအဓိကကျတဲ့အချက်တစ်ခုပဲဖြစ်ပါတယ်။

လိုက်နာရမဲ့စည်းကမ်းတွေ သတ်မှတ်ချက်တွေ မျှော်လင့်ချက်တွေကိုပွင့်လင်းစွာပြောဆိုဆွေးနွေးဖို့အရမ်းအရေးကြီးပါတယ်။ ကိုယ့်ကိုကိုယ်ရော FWBကိုရောပါပွင့်လင်းမှုရှိပါ : ဒီFWBအဆင့်ကနေ ရည်းစားအဆင့်ဖြစ်ချင်တဲ့မျှော်မှန်းချက်ရှိလား? ဒါမှမဟုတ် နိဂုံးချုပ်မဲ့အချိန်ကိုမျှော်မှန်းထားတာရှိမလား?

FWBဆက်ဆံရေးတော်တော်များများက ရည်ရှည်တည်မြဲဖို့မလွယ်ကူပါဘူး။ ဒါပေမဲ့ သတ်တန်းကုန်သွားတဲ့အခါ သူငယ်ချင်းဆက်ဖြစ်နိင်မယ်ဆိုရင် သင့်ရဲ့FWBဟာအရင်ကထက်ပိုမိုခိုင်မာရင်းနှီးတဲ့ သူငယ်ချင်းတစ်ဦီးဖြစ်လာနိင်ပါတယ်။

ခင်မင်မှု၊ အချစ်ရေး နဲ့ လိင်မှုကိစ္စတို့ကိုအမြဲတန်းသီးသန့်အပိုင်းခွဲခြားပြီးထားစရာမလိုပါဘူး။ သူတို့ဟာတစ်ခါတစ်လေထပ်တူပူးတွဲပြီးဖြစ်လာတတ်ပါတယ်။ အဲ့ဒါကိုမဆန့်ကျင်ပဲလက်ခံကျင့်ကြံကြည့်မယ်ဆိုရင် ကောင်းတဲ့အခွင့်အလမ်းတွေအများကြီးရှိလာနိင်ပါတယ်။

Related Posts