Concept of gay people. Silhouette of two gay men resting on a background of blue sea and sky

သင်ရဲ့ အချစ်ရေးမှာ အဆုံးသတ် က “ happily ever after” မဖြစ်ခဲ့ဘူးလား ? ဒီလို အဆုံးသတ်ဟာ သင်ရဲ့ ကျရှုံးမှု မဟုတ်ပါဘူး

Written by:

Winston Lam

Winston Lam

Winston is a psychologist who is passionate about the underlying mechanisms that influence social interactions, human behaviour, and self improvement.

Share:

Share on facebook
Share on twitter
Share on whatsapp
Share on linkedin
Share on telegram

ADVERTISMENT

လူသားတွေ ရဲ့ ဖြစ်တည်မှုအကြောင်းကို အလေးပေးလေ့လာတဲ့ နာမည်ရှိပြီးသား ပညာရှင် ရဲ့ အကြောင်းလေး ပြောပြပါမယ်။ သူမကို ရှင်ဟာ လူသား တွေ ရဲ့အကြောင်း ကို အရမ်းသိတဲ့သူဆိုရင် ရှင်ရဲ့ အိမ်ထောင်ရေး သုံးခု လုံးက ဘာလို့ မတည်မြဲခဲ့တာလဲလို့ အမေးခံခဲ့ရပါတယ်။

သူမ ရဲ့ အဖြေက​တော့ သူမရဲ့ ဘယ်အိမ်ထောင်ရေး မှကျရှုံးမှု မဟုတ်ခဲ့ပါဘူး ၊ ဒီတိုင်း ပြီးဆုံး သွားခဲ့တာပါတဲ့ ။

ခေတ်အဆက်ဆက်က ဆင်းသက်လာတဲ့ အတွေးအခေါ်တွေ အရ Relationship (သို့) အိမ်ထောင်သက် ကြာရှည်နိုင်ခြင်း ဟာအိမ်ထောင်ရေး မှာ ပျော်ရွှင်လေးနက် မှု နှင့် အောင်မြင်တယ် လို့ အဓိပ္ပါယ်ဖွင့်ကြတယ်။ အခုဒီဆောင်းပါးမှာ ပြောချင်တာက တော့ အိမ်ထောင်သက်ကြာရှည်မှု ဟာ အဓိက အကြောင်းအရာ မဟုတ်ဘူးဆိုတာပါပဲ။

ဒီလို အမြစ်တွယ်လာတဲ့ အတွေးခေါ်တွေကြောင့်လူအများဟာ relationship တစ်ခု အဆုံးသတ်သွားတဲ့ အခါမှာ သူတို့ကို သူတို့ မလိုအပ်တဲ့ အပြစ်တင်မှုတွေ ဖြစ်လာပါတယ်။ သူတို့ ဟာ ဒီ relationship ပြီးဆုံးသွားမှုကို သူတို့ ကိုယ်တိုင်ကျရှုံးမှု အနေနဲ့မှတ်ယူ လိုက်တာ (သို့) ပြန်အဆင်ပြေမလာနိုင်တော့တဲ့ Relationship ကို တည်မြဲအောင် ကြိုးစားရင်းနဲ့ သူတို့ကိုယ်တိုင် စိတ်ဒုက္ခ ရလာပါတယ် ။ Relationship တွေဟာ ခဏတာ လောက် နဲ့ပဲ လည်း ပြီးဆုံးသွား နိုင်ပါတယ် ၊ ဒါပေမဲ့ အဲ့ဒါ ဟာ ပါဝင်တဲ့ သူတွေ ရဲ့ ကျရှုံးမှုတစ်ခု မဟုတ်သလို ပဲ Relationship တစ်ခုဟာလည်း ပြီးဆုံးသွားတာနဲ့ အဓိပ္ပါယ်မဲ့သွားတာ မဟုတ်ပါဘူး ။

လူတွေ အနေနဲ့ Relationship တစ်ခုမှာ တန်ဖိုးထားသင့်တာက relationships တွေ ဘယ်လောက်ကြာကြာ တည်မြဲလဲ ဆိုတာထက် လူနှစ်ယောက် ပတ်သတ်နေစဉ် ဖြစ်ပေါ်လာတဲ့ အတွေ့အကြုံတွေကို ကျေနပ်တန်ဖိုးထားဖို့ ဖြစ်ပါတယ်။

သဘာဝ အလျောက် ယောကျာ်း နှင့် မိန်းမ ပတ်သတ်မှု Heteronormative ကို လေ့လာမှု?

Relationship တွေမှာ ကြာရှည်မှု ရဲ့ အရေးပါမှု က ဓလေထုံးတမ်းအစဉ်အလာ အရ ယောကျာ်း နှင့် မိန်းမ ( heteronormative) လက်ထပ်ထိမ်းမြားမှု တွေမှာ သေတူရှင်မကွာ သက်ဆုံးတိုင်ပေါင်းသင်းနေထိုင်နိုင်ခြင်းဆိုတဲ့ အငြင်းပွားဖွယ် ပြောဆိုချက်တွေက ဆင်းသက်လာပါတယ် ။

ဒီ အပြုသဘောဆောင် ပြောဆိုချက်ရဲ့ ရည်ရွယ်ချက်က အကောင်းဘက်ရောက်သော်လည်း ဒီ အတွေးအခေါ် တွေကို အတင်းဖက်တွယ်လာမယ်ဆိုရင် လည်း မကောင်းပါဘူး ။ gay ဖြစ်ဖြစ် straight ဖြစ်ဖြစ် မည်ကဲ့သို့ Relationship မှာဖြစ်ဖြစ် ဒီဟာက အမှန်ပဲဖြစ်ပါတယ်။

တစ်ခါတလေမှာ အတင်းကြီး အဆင်မပြေတာကို ပြေအောင် ကြိုးစားနေတာထက်စာရင် ပြတ်စဲလိုက်ခြင်း( သို့) ကွာရှင်းခြင်းတွေက နှစ်ဖက်လုံးအတွက် ပိုပြီးကောင်းတယ်ဆိုတဲ့ အကြောင်းတွေရှိပါတယ်။ အဲ့လို လုပ်လိုက်ခြင်းဖြင့် သင့် နှင့် သင့်ပါတနာအတွက် သင်ခန်းစာယူဖို့၊ ရုန်းထွက်နိုင်ဖို့ နှင့် ပျော်ရွှင်နိုင်ဖို့ ပိုမို ကောင်းမွန်တဲ့ အခွင့်အလမ်းတွေ ဖြစ်လာနိုင်ပါတယ် ။

ဒါပေမဲ့ Relationship တစ်ခုမှာတစ်ယောက်နဲ့ တစ်ယောက် အငြင်းပွားမှု ၊ မတူညီမှုတွေ ရှိလာတိုင်း လမ်းခွဲပြတ်စဲရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး ။ ဒါပေမဲ့ ဘယ်အချိန် အနေအထားမှာ တော့ ဒီ Relationship တစ်ခုကို အဆုံးသတ်သင့်ပြီ ဆိုတာကို သတိရှိဖို့ သင်ယူသင့်ပါတယ် ။ ကိုယ့်အတွက် အကောင်းဆုံးဖြစ်မယ်ထင်လို့ လုပ်ဆောင်လိုက်မှုကို ကြောက်ရွံနေစရာ မလိုပါဘူး။

ဒီလုပ်ဆောင်မှုဟာ ကို့အတွက်ကိုယ် ချစ်ရာလည်းရောက်ပါတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ကျွန်တော် နဲ့ ကျွန်တော့် ရည်းစားဟောင်းပြတ်စဲတုန်းကဆိုရင် ကျွန်တော်တို့တစ်ယောက်ကို တစ်ယောက်ခစ်ခဲ့ ကြပါသေးတယ်။ ပြတ်စဲပြီး နောက်ပိုင်းအချိန်အတော်ကြာသည် ကျွန်တော်သူ့ကို အထိချစ်ခဲ့ပါသေးတယ်။

စကားမစပ် အဲ့တုန်းက ကျွန်တော် သူကိုချစ်နေခဲ့သေးတယ်ဆိုပေမဲ့ သူနဲ့ ပြန်တွဲခဲ့ ချင်တယ်လို့ ဆိုလိုတာမဟုတ်ပါဘူး ၊ သူရဲ့ လူတစ်ယောက်အနေနဲ့ဖြစ်တည်နေမှုကို ချစ်ခဲ့တာဖြစ်ပြီး သူအနေနဲ့ ကျွန်တော်ကို ဘာမှ ပြန်လုပ်ပေးစရာမလိုပါဘူး ၊ သူကို ပဲ ပျော်ရွှင်စေချင်ခဲ့တာပါ ။

ဒါပေမဲ့ တစ်နေ့နေ့မှာတော့ သူကို ချစ်နေတဲ့ စိတ် ဟာရပ်သွားနိုင်တာကို တွေးပြီးတော့ကြောက်ခဲ့ပါတယ်။ ကျွန်တော် ချစ်တဲ့စိတ် ရပ်သွားမှာကို မလိုချင်ခဲ့ဘူး ၊ ဘာလို့လဲဆို​တော့ ချစ်ခြင်းမှာ ရပ်တန့်သွားတာမရှိဘူးလို့ထင်ခဲ့မိတယ်။ ဒါပေမဲ့ ကျွန်တော်လည်း ပြောင်းလဲသွားသလို သူလည်းပြောင်းလဲ သွားတဲ့ အချိန်မှာ တော့ ချစ်ခြင်းဟာ ရပ်တန့်သွားခဲ့ပါတယ် ။ ကျွန်တော်ချစ်တဲ့သူက ကျွန်တို့နှစ်ယောက် အတူရှိနေတဲ့ အချိန်ကာလ က သူ ကို ချစ်ခဲ့တာပါ ၊ ပြီးတော့ ကျွန်တော် သဘောပေါက် နားလည် ခဲ့တာ တစ်ခုကတော့ ဘဝမှာ ဘယ်အရာမှ အကြာကြီးမတည်မြဲဘူး ခဏတာပဲဆိုတာ ကို ပါပဲ။

ဒါပေမဲ့ အဲ့ဒါကလည်း ကျွန်တော်အတွက် အဆင်ပြေပါတယ် ။ သူနဲ့ ပတ်သတ်ပြီး ရခဲ့တဲ့ အတွေ့အကြုံတွေ နှင့် အဲ့အတွေ့အကြုံကနေ လူတစ်ယောက် အနေနဲ့ ပြောင်းလဲ ဖြစ်ပေါ် လာမှုတွေက ကျွန်တော် အတွက် အဓိပ္ပါယ်ရှိတဲ့ အရာတွေ ဖြစ်ပါတယ်။

ကျွန်တော်ပြောချင်တာကတော့ ကျွန်တော်တွေဟာ Relationship တစ်ခု ကြာရှည်စွာတည်မြဲနိုင်ခြင်းရဲ့ တန်ဖိုး ထားပြီး မျှော်လင့်ချက် ကို ဦးစားပေးနိုင်သလိုပဲ အဲ့ အချိန် ခဏ တွင်းမှာ ဖြစ်ပျက်နေတဲ့ အရာတွေကိုလည်း တန်ဖိုးထားသင့်ပါတယ် ။

အမှတ်တရတွေကို သင့်နှလုံးသားရဲ့ အနီးဆုံးနေရာမှာ ထားပြီးတော့ ရရှိလာတဲ့ ခံစားမှု အဖြစ်အပျက် အတွေအကြုံတွေကိုလည်း အလေးထားသင့်ပါတယ်။ ကျွန်တော်ရဲ့ အကြိုက်ဆုံး BoJack Horseman show မှ Diane က ဒီလိုပြောဖူးပါတယ် “သင် အနေနဲ့ အခုလို ဖြစ်တည်လာမှုအတွက် ပြောင်းလဲကူညီပေးခဲ့တဲ့ သူတွေရှိပါတယ် .. အဲ့သူတွေဟာ သင့်ရဲ့ ဘဝ ထဲမှာ အစတည်း က တစ်သက်လုံး ရှိနေဖို့ အကြောင်းမပါလာခဲ့ဘူးဆိုရင်တောင်မှ သူတို့တွေကို ကျေးဇူးတင်သင့်ပါတယ် “

This post is brought to you by PULSE CLINIC. PULSE CLINICS provide quality healthcare for all and are located in Thailand, Malaysia, Hong Kong, Singapore with a worldwide collaboration and support system. Here to help, not to judge.