အာရှ ၏ လိင်ပိုင်းဆိုင် ကျန်းမာရေး ပြသနာ များအား ဦးဆောင် ထောက်ပံ့နေသော PULSE Clinic ဆေးခန်း သည် ကောင်းမွန်သော လူအဖွဲ့အစည်းတစ်ခုတွင်လူသားတစ်ဦးတစ်ယောက်ချင်းစီ၏အလားအလာကောင်းဖြစ်ပေါ်လာနိုင်မှုကို အသိအမှတ်ပြုမှု နှင့် ထောက်ပံ့နိုင်မှု တို့၏အရေးပါမှုကိုယုံကြည်ပါသည်။ အရှေ့တောင်အာရှ နှင့် ဟောင်ကောင်ရှိ ခေတ်ပြိုင် သရုပ်ဖော် ရေးဆွဲမှု တွင် ပညာရှင် အသစ် များအား(emerging contemporary artists) ထောက်ပံ့ပေးနိုင်သော နေရာ တစ်ခု အဖြစ် လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး အရေးပါမှု Sexual Health Matters ဆောင်ပုဒ် အောက်တွင် ဆန်းသစ်သော အနုပညာများ ကိုထုတ်ဖော်ယှဉ်ပြိုင်နိုင်သော PULSE Clinic၏ ပထမဦးဆုံးဆုချီးမြှင့်ပွဲ PULSE Awards : The Art of Life အစီအစဉ်ဖြစ်ပါသည်။
နောက်ဆုံး လက်ရွေးစင် Finalists အဖြစ်အရွေးချယ်ခံရပါလျှင် အဆိုပါ ပညာရှင်တို့၏ art works များကို ဘန်ကောက်ရှိ PULSE GALLERY ပြပွဲ တွင်ချိတ်ဆွဲဖော်ပြသွားမည်ဖြစ်ပြီး ပြပွဲအဆုံး၌ Foundation for Life အတွက်လေလံတင်မည်ဖြစ်ပါသည်။ လေလံပွဲမှာရရှိတဲ့ အကျိုးအမြတ် ၅၀ ရာခိုင်နှုန်းကို FOUNDATION for Life ပရဟိတ၏ ရပ်ရွာ အသိုင်းအဝိုင်း နှင့် တစ်ဦးတစ်ယောက်ချင်းစီကို ရောဂါကုသပေးခြင်း နှင့် စစ်ဆေးပေးခြင်းတို့တွင် အထောက်အပံ့ဖြစ်စေရန် လှူဒါန်းမည်ဖြစ်ပါသည်။ အကျိုးအမြတ်၏ ကျန် ၅၀ ရာခိုင်နှုန်းသည် ပညာရှင်များအား ပေးအပ်မည်ဖြစ်ပါသည်။ သက်ဆိုင်ရာ ခေါင်းစဉ် တစ်ခုစီအောက်တွင် အနိုင်ရရှိသူနှစ်ဦးအားလည်း ဆုကြေးငွေ ချီးမြှင့်မည်ဖြစ်ပါသည်။
ဖွံဖြိုးတိုးတက်သော လူ့အဖွဲ့အစည်းတစ်ခု၏ စံနှုန်းများသည် အဖွဲ့အစည်း တစ်ခု၏ GDP ပေါ်တွင် သီသန့် တိုင်းတာခြင်းမျိုး မဟုတ်ပဲ အဆိုပါ လူ့အသိုင်းအဝိုင်း၏ အနုပညာ ဖန်တီးမှု ၊ ဆက်နွယ်မှု ၊ အချင်းချင်း ရင်းနှီးကျွမ်းဝင် မှုစ သည့် အပိုင်းတို့တွင်အောင်မြင်မှုများသည်လည်း အရေးပါသည် ကို PULSE AWARD ဖြင့်ဖော်ပြခြင်းဖြစ်ပါသည်။ PULSE Clinic ၏ ရည်ရွယ်ချက်မှာ လိင်ပိုင်းဆိုင်ရာ ပညာပေးရေး နှင့် အဆင့်မှီ ကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက်မှုတို့ ထောက်ပံ့ရန်တို့ အပြင် လွဲမှားနေသော အယူမှားများ ၊ ကောက်ချက်ချ စွပ်စွဲမှုများ နှင့် ရောဂါ အကြောင်း သိရှိခြင်း ၊ စစ်ဆေးနိုင်ခြင်း ၊ ကုသနိုင်ခြင်းတို့တွင် မှားယွင်းစွာ အကျိုးသက်ရောက်နိုင်သော အကြောင်းအရာများကို ဖယ်ရှားရန် ဖြစ်ပါသည်။ PULSE AWRDS သည် လိင် ကျန်းမာရေး အရေးပါမှု မြှင့်တင်ခြင်း၊ LGBTQ+ အပေါ်တွင် လူထု၏ မှားယွင်းနေသော အယူစွဲများ ပပျောက်ရန် နှင့် လိင် / လိင်ကျန်းမာရေးတို့ အပေါ်တွင် လူအဖွဲ့အစည်း ၏ သဘောထား ပုံမှန် ဖြစ်လာစေရေးတို့ ကို ရည်ရွယ်ပါသည် ။
PULSE AWARD 2021 ၏ Theme
ကမ္ဘာ အနှံ ဖြစ်ပွားနေသော Covid 19 ကပ်ရောဂါကြောင့် လူမှုထိတွေ့ဆက်ဆံမှုများ နှင့် နိုင်ငံရပ်ခြား ခရီးသွားလာခြင်းတို့တွင် ဆိုးရွားသော တင်းကြပ်မှုများ ဖြစ်ပေါ်ခဲ့ပါသည် ။ ထိုကဲ့သို့ တင်းကြပ်မှုများရှိသော်လည်း ကျွနု်ပ်တို့ လူသားများ၏ လိုအင် ဆန္ဒများ ၊ ခံစားမှုများ နှင့် ဘဝများသည် အရင်တိုင်း တည်ရှိနေဆဲဖြစ်ပါသည်။ ကျွနု်ပ်တို့ ခန္ဓာကိုယ် တွေ အိမ်ထဲတွင် ပိတ်မိနေသော်လည်း လူတို့၏ သွေးသားဆန္ဒသည် ထို ကာရံထားသော နံရံများဖြင့်တားစီးထားလို့မရပါ ။
ကျွနု်ပ်တို့၏ လိင်စိတ် အတွေ့အကြုံခံစားမှုများသည် နည်းလမ်းဟောင်းများ/ အသစ်များ ၊ အလွှာ မျိုးစုံ ၊ ရှု့ထောင့် အလွှာလွှာ၊ရုပ်ပိုင်းဆိုင်ရာ၊စိတ်ပိုင်းဆိုင်ရာ၊ခံစားမှုပိုင်းဆိုင်ရာ၊လိင်ပိုင်းဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင်ရာ၊ စိတ်လှုပ်ရှားမှု နှင့်ရင်းနှီး ကျွမ်းဝင်မှု စသည်ဖြင့်အဘက်ဘက်မှသက်ရောက်မှုမျိုးစုံရှိပါသည်။ အထက်ပါ ခံစားမှုအာရုံတစ်ခုစီကို ကြိမ်းသေ တွက်ချက်လို့ မရပါ။ လိင်စိတ်ခံစားမှုသည် လူတစ်ယောက်ချင်းစီ၏ ဘဝအချိန် အမျိုးမျိုးနှင့် မတူညီသော နေရာ / ဖြတ်သန်းမှုတို့ ပေါ်မူတည်၍ ကွဲပြားစွာ အဓိပ္ပါယ်ဖွင့်ဆိုနိုင်ပါသည် ။
အဓိပ္ပါယ် မျိုးစုံတို့ဖြင့်ဖွင့်ဆိုနိုင်သော လိင်ဆက်ဆံခြင်းသည် ကျွန်ုပ်တို့ နေ့စဉ်ဘဝ၏ အစိတ်အပိုင်းတစ်ခုဖြစ်ပါသည်။ ဒါပေမဲ့ ကျွနု်ပ်တို့သည်များသောအားဖြင့်လိင်ဆက်ဆံခြင်းအကြောင်းကို အပေါ်ယံသဘောဖြင့်သာရိုးရှင်းစွာပြောဆိုတတ်ကြပါသည်။ သန္ဓေတားခြင်း ၊ STI ကူးစက်ရောဂါ ပျံ့နှံခြင်း တို့သည် အလွန်အရေးကြီးသော်လည်း လူတစ်ဦးချင်းစီ၏လိင်ကျန်းမားရေး ကိစ္စရပ်တစ်ခုလုံးကောင်းမွန်ရေး ၏အရေးပါမှုကိုသေချာစွာပြောပြခြင်းတို့မရှိပါ။ လိင်ကျန်းမာရေးသည် မိသားစုတစ်ခု၊ ချစ်သူအတွဲများ နှင့် လူတစ်ယောက်ချင်းစီတို့၏ အထွေထွေကျန်းမာရေး နှင့် ကျန်းမာစွာ အသက်ရှင်နေထိုင်နိုင်ရေးတို့တွင် အရေးပါသော အခြေခံချက်ဖြစ်ပါသည်။ လိင်ကွဲပြားမှုနှင့်ပတ်သတ်သောရုပ်ပိုင်းဆိုင်ရာ၊ ခံစားမှုပိုင်းဆိုင်ရာ၊ စိတ်ကျန်းမာရေး ၊ လူမှုရေး နှင့် အသက်ရှင်နေထိုင်ရေးတို့ ကို ကောင်းမွန်သောဝန်ဆောင်မှုရှိရန်လိုပါသည်။
င်ကျန်းမာရေးနှင့်ပတ်သတ်၍ ပညာရှင်တို့၏ နားလည်နိုင်စွမ်း နှင့်အတွေးအမြင်တို့မှတစ်ဆင့် သူတို့၏အရည်အချင်းများကို ပြသနိုင်ရန်အတွက် အခွင့်အလမ်း ဖန်တီးပေးရန် ရည်ရွယ်သော PULSE Awardsသည် အောက်ပါနိုင်ငံများတွင်ရှိသော နိုင်ငံသား (သို့) နိုင်ငံခြားသားများကို ဖိတ်ခေါ်ပါသည်။ ဘရူနိုင်း၊ ဟောင်ကောင်၊ ကမ္ဘောဒီးယား ၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား ၊ မြန်မာ၊ ဖီလစ်ပိုင် ၊ စင်ကာပူ၊ အရှေ့တီမော ၊ ထိုင်း နှင့် ဗီယက်နမ် ။
– ပညာရှင်များသည် အသစ်များ (သို့) လက်သစ် ခေတ်ပြိုင် ပညာရှင်များ ဖြစ်ရမည်ဖြစ်ပြီး ဝင်ကြေးသတ်မှတ်ထားခြင်းမရှိပါ
– ပညာရှင် များသည် အသက် ၁၈ နှစ် အထက်ဖြစ်ရမည်ဖြစ်သည်။
ခေါင်းစဉ်ငါးမျိုး :
၁.ပန်းချီရေးဆွဲခြင်း (Painting ) -2D
၂.ပန်းပုထုလုပ်ခြင်း (Sculpture ) – 3D
၃.ဓာတ်ပုံ (Photography)
၄.အိုးလုပ်ခြင်း (Ceramic)
၅.ဒီဂျစ်တယ် အနုပညာ(Digital art)
ခေါင်းစဉ်တစ်ခုစီအတွက် အနိုင်ရရှိသူများအား ချိးမြှင့်မည့် ဆုနှစ်ခု မှာ အောက်ပါအတိုင်းဖြစ်ပါသည်။
– First Prize (ပထမဆု)- ၃,၂၀၀ USD ( သို့ အဆိုပါငွေ နှင့်ညီမျှသော မြန်မာကျပ်ငွေ )
–Most promising-၁,၆၀၀ USD (သို့ အဆိုပါငွေနှငိ့ ညီမျှသော မြန်မာကျပ်ငွေ )
ပြိုင်ပွဲပါဝင်ရန်လန်းညွှန်ချက်များ၊ အချက်အချာကျ Deadlines များနှ့င်Terms & Conditions များအတွက်, PULSE Awards ရဲ့ Official webpage မှာဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
PULSE AWARDS 2021 စာရင်းသွင်းရန်အတွက်

This post is brought to you by PULSE CLINIC. PULSE CLINICS provide quality healthcare for all and are located in Thailand, Malaysia, Hong Kong, Singapore with a worldwide collaboration and support system. Here to help, not to judge.