Happy handsome man of Asian appearance with coconut on the tropical beach on sunny summer day during holidays vacation. Tropical sea on the background.

ကဲ ကိုးဗဒ်အပြီး summer body ပြန်ရအောင် လုပ်လိုက်ကျရအောင်။

တင်ခဲ့သည်

Wesley Lo

Wesley Lo

Wesley is a health and fitness coach in Hong Kong, with a passion for finding ways to improve health, longevity and athletic performances.

မျှဝေပါ

Share on facebook
Share on twitter
Share on whatsapp
Share on linkedin

ကြော်ငြာ

အခုဆို ကိုးဗဒ်ဖြစ်တာလည်းတစ်နှစ်ကျော်သွားပြီ ကာကွယ်ဆေးတွေလဲပေါ်လာပြီဆိုတော့ summer body လေးပြန်ရအောင် planလုပ်ဖို့အချိန်တန်လာပြီပေါ့။ အရင်တုန်းကလိုခရီးတွေသွားလို့မရသေးပေမဲ့ absတွေပြရဖို့အချိန်ကဘယ်အချိန်မဆိုရောက်လာနိုင်တာမို့ ready ဖြစ်ဖို့လိုလာပြီလေ။ ဒါကလူအများစုအတွက်တော့ အစားလျော့ပြီးလေးကျင့်ခန်းလုပ် အဆီထိန်းဖို့အချိန်စပြီလို့ပြောတာပါပဲ။ ဒါပေမဲ့ ဒါဟာတစ်ကယ်လုပ်သင့်တဲ့အရာလား?

လူတိုင်းအတွက် အဖြေတစ်ခုစီရှိနိုင်ပါတယ်။

အရေးအကြီးဆုံးကတော့ ကိုယ့်ခန္တာကိုယ်အချိုးအဆစ်ကိုနားလည်မှ အစားလျှော့သင့်သလား တိုးသင့်သလားသိရပါမှာ။ ဥပမာဆိုရင် အရပ်အလေးချိန် ၁၈၅cmနဲ့ ပေါင်၁၅၀ရှိတဲ့ကိုကိုတစ်ယောက်ဟာအရပ်နဲ့အလေးချိန်အချိုးအဆစ်ကျနေတာမို့ ကျွန်တော့်အမြင်ဆို အဆီချစရာမလိုပါဘူး။ ဗိုက်အဆီနည်းနည်းလေးရှိတာက ကြည့်လို့ကောင်းပါတယ်။ ဒါပေမဲ့ abs တွေရှိပြီးတော့ ပုခုံးသေး ခြေထောက်သေးဖြစ်နေတာကတော့ ကြည့်မကောင်းလှပါဘူး။

ဒါကြောင့် ကျွန်တော့်အမြင်ပြောရရင် summer body ရအောင်လုပ်တဲ့အခါမှာ အဆီလျှော့တာအပြင် ကိုယ့်ခန္တာကိုယ်အချိုးအဆစ်ကျအောင်လဲလုပ်ဖို့လိုပါတယ်။

အဆီကျပြီး ကျစ်လစ်ဖို့။

ကျွန်တော့်ရဲ့ ကာယဗလဆရာအတွေ့အကြုံအရ အမျိုးသားများအတွက် အဆီကျဖို့ကပိုပြီးလွယ်ပါတယ်။ အမျိုးသမီးများထက် ကြွက်သားဖွံ့ဖြိုးမှုများပြီး ဟော်မှုန်းအပြောင်းအလဲသိပ်မရှိတာကြောင့် ဇီဝြဖစ်ပျက်မှုနှုန်းပိုမြန်ပါတယ်။

ရံဖန်ရံခါအစာမစားခြင်း။ ဒါကတော့ မှုန့်ပဲသားရည်စာsnacks တွေစားတတ်တဲ့အကျင့်မရှိဘူးဆိုရင်တော့လုပ်ဖို့မလိုပါဘူး။ ကျွန်တော်အကြံပြုတာကတော့: တစ်ပတ်မှာ ၆ရက်ကို ကယ်လိုရီမပြည့်အောင်စားပြီး ကျန်တဲ့တစ်ရက်မှာ ကစီဓာတ် ၅၀-၆၀ဂရမ် အပိုစားခြင်းပြီးတော့ ခန္တာကိုယ်အဆီချေနှုန်းကို ထိန်းပေးရပါမယ်။

ဒီလိုလုပ်ပြီးတော့ အလေးမတာ သို့ HIIT ဆော့လိုက်မယ်ဆိုရင်အဆီချေဖျတ်တဲ့နှုန်းတွေအရမ်းကိုမြန်သွားမှာပါ။ ရလဒ်အမြန်ရချင်လို့ ဖြတ်လမ်းတွေတော့မရှိပါဘူး။ ပန်းတိုင်ရောက်ဖို့ သေချာplanမလုပ် အားထည့်မလုပ်ဘူးဆိုရင်တော့ မျှော်လင့်တဲ့အိမ်မက်က အိမ်မက်ပဲဖြစ်နေမှာပါ။

ကြွက်သားကြီးစေဖို့ ။

ကျွန်တော်တို့နားလည်ထားရမှာကတော့ ကြွက်သားတွေကြီးဖို့ဆိုတာ အချိန်တော့ပေးရပါမယ်။

ကျွန်တော်တို့ကြွက်သားတွေက နေ့စဥ်လှုပ်ရှားမှုကအစ ကြံ့ခိုင်ရေးလေ့ကျင့်ခန်းတွေလုပ်နိုင်ဖို့အထိ အသုံးပြူနိုင်အောင်ဖွဲ့စီးထားတာပါ။ ကြွက်သားတွေကို သင့်တော်သလောက် အသုံးမပြုပေးဘူးဆိုရင်တော့ ကြီးထွားလာဖို့မရှိပါဘူး။

ဒါကြောင့် ကြွက်သားတွေကြီးပြီး ဗလထွက်ချင်တယ်ဆိုရင်တော့ အလေးများများမဖို့လိုပါတာပေါ့နော်။ ပြီးတော့ အလေးမတဲ့အချိန်မှာလည်း လေးကျင့်ခန်းတစ်ခုနဲ့တစ်ခုကြားမှာ နားတဲ့အချိန်ကိုကန့်သတ်ပြီးထားရပါမယ်။ အခုကျွန်တော်ပြောနေတဲ့အကြုံပြုချက်တွေက ကြွက်သားတွေကြီးဖို့ကိုပဲ ရည်ရွယ်ပြီးပြောတာဖြစ်ပါတယ်။ ကြွက်သားခွံအားတက်စေတာနည်းလမ်းမဟုတ်ပါဘူး။

gym သွားတဲ့အပြင် အပိုအဟာရအနေနဲ့ AAKG(arginine-alpha-ketoglutarate)သုံးပေးရင်လည်း ကြွက်သားကြီးဖို့အကူအညီဖြစ်ပါတယ်။ AAKG ကခန္တာကိုယ်အတွက်မရှိမဖြစ်လိုအပ်တဲ့amino acidအစိတ်အပိုင်းတစ်ခုဖြစ်ပြီး nitric oxide cycle ကိုပံ့ပိုးပေးတာကြောင့် သွေးလည်ပတ်မှုကိုကောင်းမွန်စေပါတယ်။ supplementတွေမသုံးခင်ကိုတော့ ဆရာဝန်နဲ့အရင်တိုင်ပင်တာကတော့အကောင်းဆုံးပါပဲ။

စာဖတ်သူတို့၂၀၂၁ summer body ရဖို့အတွက်အသုံးဝင်သင့်တော်တဲ့ နည်လမ်းကိုတွေ့ပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်။ မိမိခန္တာကိုယ်ရဲ့ အားသာချက်အားနည်းချက်တွေကိုနားလည်သိရောက်ပြီး မျှော်လင့်တဲ့ body goals တွေရပါစေဗျာ။ ကြိုးစားကျလိုက်ကျဆို့။

တူညီတဲ့စာရေးဆရာ

နောက်ဆုံးအပ်ဒိတ်များကိုရယူပါ

ကျွန်တော်တို့ရဲ့သတင်းလွှာကိုစာရင်းပေးသွင်းပါ

spam မရှိပါ ဆောင်းပါးအသစ်များအကြောင်းသာအသိပေးချက်များ